စပိန်တော်ဝင် မင်းသမီးခရစ္စတီနာ အခွန်လိမ်လည်မှုဖြင့်တရားခွင်၌ ရင်ဆိုင်ရမည်

စပိန်ဘုရင်ဖိလစ် (၆)၏ ညီမ ဖြစ်သူ ခရစ္စတီနာမှာ ပထမဆုံး တရားခွင်၌ ရင်ဆိုင်ရသည့် တော်ဝင် မိသား စုဝင် ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း၊ သူမအား တရားသူကြီး၏ အခွန်လိမ်လည်မှုဖြင့် တရားရုံးသို့ တင်ပို့ရန် အမိန့်ချခဲ့ကြောင်း AFP သတင်းက ဖော်ပြခဲ့သည်။

လေးနှစ်တာ စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီးနောက် ဘုရင့်မိသားစု အား ပြဿနာဖြစ်ပေါ်စေခဲ့ရပြီး ဘုရင် ဂျူအန် ကာလို့စ်မှာလည်း ဇွန်လက ထီးနန်းစွန့်ခဲ့ရပြီးနောက် ဤတရား ရုံးဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ် သည်။

မာဂျိုကာကျွန်း တရားရုံးက အသက် ၄၉နှစ်ရှိ ခရစ္စတီနာအား ၄င်း၏ခင်ပွန်း စီးပွားရေးနှင့်ပတ်သက်၍ အ ခွန်လိမ်လည်မှုလုပ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ သူမအား သူမ၏ ခင်ပွန်း အခွန်ရှောင်ရာ၌ ပူးပေါင်း ကြံစည် ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သူ မ၏ခင်ပွန်း အိုလံပစ်လက်ပစ်ဘော ချန်ပီယံဟောင်း အီနာကီဟာဒန်ဂ ရင် သည် ပြည်သူ့ငွေများကို အလွဲ သုံးစားပြုခြင်းနှင့် ငွေမည်းခဝါချမှု များဖြင့် တရားစွဲဆိုခံထားရသည်။

ခရစ္စတီနာ၏ရှေ့နေက သူမ မှာ မည်သည့်အပြစ်မှမရှိကြောင်း လျှောက်ထားခဲ့ကြောင်း သိရသည်။

စုံစမ်းရေးမှူးများက ခရစ္စတီနာ စုံတွဲပိုင် အီးဇွန်းကုမ္ပဏီက အလွဲသုံး စားငွေများကို ခဝါချပေးသည်ဟု သံ သယရှိနေကြောင်း၊ ခရစ္စတီနာက သူမ၌အပြစ်မရှိကြောင်း၊ သူမ၏ခင် ပွန်းအပေါ် ရိုးသားစွာသစ္စာရှိခြင်းမျှ သာဖြစ်ကြောင်း တရားရုံး၌ ထွက်ဆို ခဲ့သည်ဟု သိရသည်။

AFP

မှတ်ချက်များ