မြောက်ကိုရီးယားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ တရုတ်ကို အမေရိကန် အကူအညီတောင်း

အမေရိကန် ပြည်ထောင်စုဟာ သူ့ရဲ့ ဒစ်ဂျစ်တယ် တိုက်ပွဲတွေမှာ မဟာမိတ်တွေကို စည်းရုံးဖို့ ဆန္ဒရှိနေ ပါတယ်။

AP သတင်းဌာန နဲ့ New York Times သတင်းဌာနရဲ့ အခိုင်အမာ ဖော်ပြချက်တွေအရ အမေရိကန်ပြည်
ထောင်စုဟာ Sony Pictures hack လုပ်ခံခဲ့ရသလို မြောက်ကိုရီးယားနိုင်ငံရဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို ကာကွယ် နိုင်ဖို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ အကူအညီကို တရားဝင် မေးမြန်းထားတယ်လို့ သိရပါ တယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထိုဆိုင်ဘာတိုက်ခိုက်မှုတွေဟာ မဖြစ်သင့်ကြောင်းကို သဘောတူခဲ့ပေမယ့် လည်း အကူအညီပေးဖို့နဲ့ ပတ်သက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီး ခေါင်းဆောင်တွေရဲ့ ဘဏ္ဍာငွေနဲ့ ပတ် သက်ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စီစဉ်နေသလို မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာကွန် ယက်တွေကို အင်တာနက်တိုက်ခိုက်မှုနဲ့ တုံပြန်ဖို့ စီစဉ်နေပါတယ်။

Trend Myanmar


မှတ်ချက်များ