နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အတူနေချစ်သူနဲ့ လက်ထပ်လိုက်တဲ့ အယ်လ်တန်ဂျွန်


ဗြိတိန်အဆိုတော်ကြီး ဆာအယ်လ်တန်ဂျွန်နှင့် ၎င်း၏ အတူနေချစ်သူ ဒေးဗစ်ဖားနစ်ရှ် တို့သည် ဒီဇင်ဘာ ၂၁ ရက် နေ့ လယ်တွင် ဗြိတိန်နိုင်ငံ အရှေ့ တောင်ပိုင်း ၀င်ဆာမြို့ရှိ ၎င်းတို့ ၏ ခြံကြီး၌ တရားဝင်လက်ထပ် ခဲ့ကြသည်။

အတူနေချစ်သူသက်တမ်း ၂၁ နှစ်ရှိသော အယ်လ်တန်ဂျွန်တို့ စုံတွဲသည် ၎င်းတို့၏ တရားဝင် မင်္ဂလာပွဲအ
ကြောင်းကို တွစ်တာ စာမျက်နှာနှင့် Instagram စာ မျက်နှာတို့၌ ဖော်ပြခဲ့ကြသည်။

အသက် (၆၇) နှစ်အရွယ် ဆာအယ်လ်တန်ဂျွန်နှင့် အသက် (၅၂)နှစ်အရွယ် ဒေးဗစ်ဖားနစ်တို့ သည် လိင် တူစုံမက်သူများ လက် ထပ်ထိမ်းမြားခြင်းကို ကာလကြာ ရှည် ထောက်ခံခဲ့ကြသူများဖြစ်ပြီး ယခုနှစ် မတ် လတွင် အင်္ဂလန်နိုင်ငံ ၌ လိင်တူစုံမက်သူများ လက်ထပ် ထိမ်းမြားခြင်း တရားဝင်ခွင့်ပြုမှု ကိုလည်း ကြို ဆိုအားပေးခဲ့ကြ သည်။

၎င်းတို့၏ မင်္ဂလာပွဲသို့ ဗစ် တိုးရီးယားဘက်ခမ်း၊ သရုပ်ဆောင် မင်းသမီး ဟယ်လင်နာဘွန်ဟမ်း ကာတာ အပါအ၀င် နာမည်ကျော် ပုဂ္ဂိုလ်အချို့ တက်ရောက်ဂုဏ်ပြု ခဲ့ကြသည်။

ဆာအယ်လ်တန်ဂျွန်တို့ စုံ တွဲသည် တရားဝင်အတူနေထိုင်မှု ကိုးနှစ်ပြည့်သည့်နေ့၌ တရားဝင် ထိမ်းမြား လက်ထပ်ကြခြင်း ဖြစ် သည်။

၎င်းတို့စုံတွဲ၌ မွေးစားထား သော အသက် (၃) နှစ်အရွယ်နှင့် (၂) နှစ်အရွယ် သားငယ်နှစ်ဦးရှိ သည်။

7day


မှတ်ချက်များ