ဆောင်းရာသီ တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ လေဖြတ်ရောဂါနှင့် အရေပြား ရောဂါများဖြစ် ပွားတတ်ပြီး ရောဂါ ပြင်းထန်ပါက အသက်အန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် အဆိုပါရော ဂါများမဖြစ် ပွားစေရန် ကြိုတင်ကာ ကွယ်မှုများကို ပြုလုပ်ထားသင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်ဒေါက် တာ ခင်အေးထက်(မိုးမခ)က အသိ ပေးပြောကြားသည်။
''ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါသုံးမျိုးရှိပါတယ်။ ဖုန်တွေ ကိုရှူမိလို့ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း
ရောဂါ၊ အအေးမိလို့ ရေချိုး ခေါင်းလျှော် မဆင်ခြင်လို့ဖြစ်တဲ့ လေ ဖြတ်ရောဂါနဲ့ ဖုန်တွေနဲ့အရေပြားနဲ့
ထိလို့ဖြစ်လာတဲ့ အရေပြားရောဂါ တွေပါ။ ဒီရောဂါတွေက ရောဂါပြင်း ထန်တာနဲ့အမျှ အသက်အန္တရာယ်
ဖြစ်နိုင်တဲ့အတွက် မဖြစ်ပွားအောင် ကြိုတင် ကာကွယ်သင့်ပါတယ်'' ဟု ယင်းက ဆိုသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး
ဆောင်းရာသီတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ် သည့် နမိုးနီးယားအဆုတ်ရောင် ရောဂါ၊ အဆုတ်ခဲသည့် ရောဂါ၊ အ ဆုတ်ပြည်တည်သည့် ရောဂါ၊ တီဘီ ရောဂါ၊ လေပြွန်ရောင်ရမ်းသည့် ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ထိပ် ကပ်နာရောဂါများ ဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။
နှာစေးချောင်းဆိုးရာက တစ်ဆင့် အဆုတ်နဲ့ ပတ်သက်သည့် ရောဂါများဖြစ်လာနိုင်
''ဆောင်းရာသီမှာ နှာစေးချောင်း ဆိုးတာကနေပြီး ရောဂါပြင်းထန် လာရင် နမိုးနီးယားအဆုတ်ရောင်
ရောဂါဖြစ်တတ်ပါတယ်။ ညဘက် အိပ်တဲ့အခါမှာလဲ ရောဂါပိုးပါတဲ့ နှာရည်တွေက အဆုတ်ရဲ့လေပြွန်မ ကြီးကနေတစ်ဆင့် အဆုတ်ထဲကို ရောက်သွားပြီး အဆုတ်ခဲတာတို့၊ အဆုတ်ပြည်တည်တာတို့ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်နှာစေး၊ ချောင်း ဆိုးတယ်ဆိုပြီးတော့လဲ မပေါ့သင့် ပါဘူး''ဟု ယင်းကဆိုသည်။
ယခုကဲ့သို့ အေးသည့်အချိန် ကာလတွင် (Asthma) ပန်းနာရင် ကျပ်ရောဂါဖြစ်ပွားသူများမှာ ရော ဂါပို ဆိုးလာနိုင်သကဲ့သို့ နာတာ ရှည်လေပြွန်ရောင်ရမ်းသည့် လူများ မှာလည်း ရောဂါပိုဆိုးလာနိုင်ကြောင်း၊ အဆုတ်နှင့်ပတ်သက်သည့် ရောဂါ များမှ ကြိုတင်ကာကွယ်နိုင်ရန် နွေး ထွေးစွားနေသင့်ပြီး နှာစေးချောင်း ဆိုးဖြစ်ပွားပါကလဲ မပေါ့ဆဘဲ တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် ပျောက်ကင်းအောင်ကုသသင့်ကြောင်း
သိ ရသည်။
တီဘီရောဂါလည်းကူးစက်နိုင်
ဆောင်းရာသီတွင်ဖုန်ထူထပ် သောကြောင့်တီဘီရောဂါကူးစက်ပြန့်ပွားမှုများလည်းပိုမိုဖြစ်ပွားလာ နိုင်ကြောင်း
သိရသည်။
''တီဘီရောဂါကလဲ အဓိက ဖုန်ရှူလို့ဖြစ်တာပဲ။ တီဘီပိုးတွေက ဖုန်ထဲမှာရှိနေတတ်တယ်''ဟု ယင်းကဆက် လက်ပြောကြားသည်။
ဖုန်ထူထူနှင့်နေပူထဲကို သွားလာ ခြင်းက ထိပ်ကပ်နာဖြစ်နိုင် ဆောင်းရာသီတွင် ဖုန်ထူထူ နှင့်နေပူထဲကို သွားလာခြင်းသည် ထိပ်ကပ်နာရောဂါဖြစ်ပွားလာနိုင် သောကြောင့် ဖုံထူသောလမ်းခရီးများ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပြီး မရှောင်နိုင်ပါက (Mask)နှာခေါင်းစည်းကို တပ်ပြီးမှ သာသွားသင့်ကြောင်း၊
နေပူထဲသို့ သွားသည့်သူများအနေဖြင့်လည်း ဦးထုပ်၊ ထီးစသည့် အကာအရံများ ကို ပြုလုပ်ကာသွားသင့်
ကြောင်း သိရသည်။
''ထိပ်ကပ်နာဆိုတာက အဓိက ဖုန်တွေရှူပြီး နေပူထဲကို သွားလို့ဖြစ် တာ။ နဂိုမူလနှာခေါင်းအမြှေးအခံ မကောင်းတဲ့သူတွေဆိုရင် ရောဂါပိုး တွေက နှာခေါင်းထဲကိုဝင်လာပြီး နှာခေါင်းအမြှေးကိုတွယ်တာ။ အဲဒီ ကနေ ပါးနှစ်ဘက်မှာရှိတဲ့ နှာခေါင်း အနောက်ကလိုဏ်ခေါင်းဖြစ်နေတဲ့ အရိုးရဲ့အမြှေးတွေကိုပါ တွယ်သွား ပြီး အမြှေးတွေကပြုတ်ကျလာတဲ့ အထိရောဂါဆိုးနိုင်တယ်။ သေသေ ချာချာမကုရင် ဦးနှောက်နဲ့ အလွန် နီးတဲ့အတွက် ဦးနှောက်ထဲကို ပိုး ရောက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်'' ဟု အထွေထွေရောဂါကု ဆရာ ဝန် ဒေါက်တာခင်အေးထက်(မိုးမခ)က ဆက်လက်ပြောကြားသည်။
လေမဖြတ်အောင် ရေချိုး၊ ခေါင်းလျှော်ဆင်ခြင်ပါ
ဆောင်းတွင်း ရေချိုးရာတွင် အပူအအေးမျှတသည့် နံနက် ၁ဝ နာရီ၊ ၁၁နာရီဝန်းကျင်တွင် ချိုး သင့်ပြီး အဆို ပါအချိန်တွင် လုပ်ငန်း ခွင်သို့ ထွက်ခွာသွားရသည့်သူများ အနေဖြင့် မချိုးဖြစ်ပါက နံနက် စောစောချိုး သည်ထက် ညဘက် ရေချိုးပြီး နွေးနွေးထွေးထွေးနေသည် က ပိုမိုအဆင်ပြေကြောင်းယင်းက ဆက် လက်ပြောသည်။
''အချိန်အခါမဟုတ် ခေါင်း လျှော်တာ ရေချိုးတာတွေက လေ ဖြတ်နိုင်ပါတယ်။ ညဘက်ခေါင်း လျှော်ပြီး
ရေခြောက်အောင် မသုတ် ဘဲ အိပ်ရင်ပါးတစ်ခြမ်းရွဲ့ပြီး လေဖြတ် သွားတတ်ပါတယ်''ဟုလည်းဆို သည်။
အရေပြားရောဂါများဖြစ်ပွားနိုင်ပြီး သေချာမကုပါက ကျောက်ကပ်ပျက်စီးနိုင်
ဆောင်းရာသီတွင် အရေပြား နှင့်ဖုန်များထိတွေ့သောကြောင့် အရေ ပြားယားယံခြင်းများဖြစ်ပေါ်လာ တတ်ပြီး အရေပြားကို ကုတ်ဖဲ့ရာမှ တစ်ဆင့်ဝဲနှင်းခူများ၊ ပြည်တည် နာများဖြစ်ပေါ်လာကာ ၄င်းတို့ကို စနစ်တကျကုသခြင်းမရှိပါက ရောဂါ ပိုးများမှာ ကျောက်ကပ်ထဲသို့ ရောက် ရှိပြီး ကျောက်ကပ်ရောင်ရမ်း ပျက် စီးနိုင်ကြောင်းလည်း ယင်းကဆက် လက်ပြောကြားသည်။
နွေဦးလင်း | Democracytoday

မှတ်ချက်များ