ပြည်တက္ကသိုလ် ကျောင်းနံရံများပေါ်၌ ပညာရေးစနစ်ကို ဆန့်ကျင်သည့် စာသားများမှုတ်ဆေးဖြင့်ရေးခြယ်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ မျက်နှာစာ ကျောင်းဝင်းနံရံများတွင် အမည်မသိအဖွဲ့များ မှ ပညာရေးစနစ်နှင့် ပတ်သက်၍ဆန့်ကျင်သည့် စာသားများအားမှုတ်ဆေးများဖြင့် ရေးသားထားသည်ကိုနို ဝင်ဘာ၂၈ရက်မနက်ပိုင်းက မြင်တွေ့ခဲ့ရသည်။
အဆိုပါကျောင်းနံရံများတွင်ပညာရေးစနစ်အား ဆန့်ကျင်သည့် စစ်ကျွန်ပညာရေး စနစ်အလိုမရှိ၊ EDUCATION IS NOT SALE , WE ARE STUDENT NO CUSTOMER စသည့်စာသားများကိုအနက်
ရောင်နှင့် အနီရောင်မှုတ်ဆေးများဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မည်သည့်အဖွဲ့မှ ပြုလုပ်သည် ကိုမသိရှိကြောင်း ပြည်မြို့မှနိုင်ငံရေး အင်အားစုများက ပြောသည်။
ကျောင်းသားများ၏ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ၊လှုပ်ရှားမှုများတွင်အမည်မသိအဖွဲ့များမှလည်းပူးပေါင်းပါ
ဝင်လှုပ်ရှားမှုများလည်းရှိလာကြောင်း၊ဗကသအဖွဲ့ဝင် ကျောင်းသားများသာ မဟုတ်ဘဲသာမန် ကျောင်း သားများမှလည်း အဆိုပါပညာရေးစနစ်ကိုအလိုမရှိမှုအပေါ် ပြသလာကြခြင်းဖြစ်ကြောင်းဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူးကိုမင်းသွေးသစ်က ပြောသည်။
''အာဏာရှင်အစိုးရက ကျောင်းသားတွေအပေါ်မှာ လာရောက်လွှမ်းမိုးတာ ဘယ်ကျောင်းသားမှမကြိုက် ဘူးဆိုတာမြင်လာရတယ်။ဦးတည်ချက်၊ရည်ရွယ်ချက်ချင်းတူတဲ့ ဘယ်ကျောင်းသားမဆိုကျွန်တော်တို့ ကတော့ လက်ကမ်းကြိုဆိုတယ်''ဟု၎င်းကဆိုသည်။
အမျိုးသားပညာရေးဥပဒေအားဗကသကျောင်းသားများကဝိုင်းဝန်း ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊မန္တလေး၊ မြင်းခြံမြို့များတွင် ပြုလုပ်နေကြသည့်နောက်ပိုင်းတွင် ပြည်မြို့တွင်လည်း ယခုကဲ့သို့လှုပ် ရှားမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကာမည်သူမည်ဝါပြုလုပ်သည် ဆိုသည်ကို မသိရသေးကြောင်းပြည်ဗက သအဖွဲ့ဝင်များက ပြောသည်။
မည်သည့်အချိန်တွင် ရေးသားခဲ့သည်ကို မသိရသည့် အဆိုပါကျောင်းနံရံများပေါ်မှ ပညာရေးစနစ်ဆန့် ကျင်ရေး စာသားများကိုနိုဝင်ဘာ၂၈ရက် နေ့လယ်ပိုင်းက ပြည်တက္ကသိုလ်မှ တာဝန်ရှိသူများက ပြန်လည် ဖျက်ပစ်ခဲ့သည်။
သီဟလွင်(ပြည် - မြစ်မခ) | TheYangonTimes

မှတ်ချက်များ