ဒီအာရ်ကွန်ဂိုနိုင်ငံ ရေအိုင်ဖယ်ရီသဘောင်္နစ်မြုပ်မှုတွင် လူပေါင်းရာကျော် သေဆုံး
ဒီမိုကရက်တစ်ရီပတ်ဘလစ် ကွန်ဂိုနိုင်ငံတွင် တန်ဂန်ရီကာ (Tanganyika) ရေအိုင်၌ နစ်မြုပ်သွားသော ဖယ်ရီသင်္ဘောမှ သေဆုံးသူ အနည်းဆုံး ၁၂၉ဦး ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့သည်။
ကွန်ဂိုသယ်ယူပို့ဆောင်ရေး ၀န်ကြီးလောရင့်ဆွမ်ဘာခါဟိုဇီ (Laurent Sumba Kha) အသက်ရှင်သန်နေ ဆဲရှိသူများကို ဆက်လက်ရှာဖွေမှု ပြုလုပ်နေကြောင်းပြောသည်။
ကယ်ဆယ်ရေးလုပ်သားများသည် ရေပြင်ဓာတ်ဆီတိုင်ကီနှင့် အခြားပစ္စည်းများကို ဖက်တွယ်မျောပါနေ
သော ခရီးသည်များကို တွေ့ရှိခဲ့သည်။
Yangon Media Group

မှတ်ချက်များ