အကယ်ဒမီပွဲတွင် ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်


၂၀၁၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သော ခိုင်သင်းကြည် ဝတ်ဆင်ခဲ့သည့် ရွှေလက်ကောက် သည် အကယ်ဒမီပေးပွဲ ကျင်းပသည့်အချိန်တွင် ပျောက်ဆုံးသွားကြောင်း ခိုင်သင်းကြည်၏ခင်ပွန်း ကိုခန့်နိုင် က ပြောသည်။

‘‘ပွဲထဲမှာ ပျောက်သွားတာပါ။ တန်ဖိုးကတော့ မသိသေးဘူး။ ရွှေနန်းတော်က စပွန်ဆာပေးထားတဲ့ လက်
ကောက်ပါ။ ပျောက်သွားတာက စင်ပေါ်မတက်ခင် လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ ကျသွားတာထင်တယ်။ မသိလိုက်ဘူး။ စင်ပေါ်တက်တဲ့အချိန်မှာတော့ ပါမသွားတော့ဘူး’’ ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လက်ကောက် ကောက်ရသူအနေဖြင့် ၎င်းတို့ကို ဆက်သွယ်လျှင် ကျေးဇူးဆပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်ည ၁၁ နာရီအထိ မတွေ့သေးကြောင်း ကိုခန့်နိုင်ကပြောသည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ