မိတ်ဆွေတို့ ရေ မိမိအနီးနား တစ်နေရာမှာ ဒီကောင်လေးကိုတွေ့ ရင် ယောင်မှားလို့  သွားပြီးလက်နဲ့  ကိုင်ပြီး လွင့်ပစ်တာမျိုး မလုပ်နဲ့ နော်

ထိုးမိ ကိုက်မိရင် မြင်တဲ့အတိုင်းပဲ။ တောအခေါ်အရ ပုရွက်ဆိတ်မျိုးနွယ်ဝင်"ကြင်" ကောင်နဲ့  နည်းနည်း ဆင်တယ် ဒါပေမဲ့ ဒီကောင်က အလျားရှည်တယ်အမြီးလို အဆိပ်ဖူးလေးပါတယ်။ "တော ကြင်" ကောင် ကလည်းကိုက်ခံရရင် ကကလေးတွေ တက် သလို အကြောတွေ ကြင်ပြီး တက်သည်အထိ အဆိပ်ပြင်းတဲ့ အကောင်ညိုတွေ ရှိပါတယ်။

ခုဒီကောင်ပုံစံကိုတော့ သစ်ခေါက်ခွံကြားတွေမှာ အတွေ့ များလေ့ရှိတယ်။ပျဉ်ခင်ကြမ်းကြားတွေမှာနေတတ် ရင်တော့ သတိထားပေါ့။ လူတွေ့ လူမြင်တော့ သိပ်မခံတဲ့ အကောင်တွေပါ။ ဖိမိ ထိမိ ကိုင်မိရင်တော့ဆော် ခံထိပြီပဲ။ အန္တရာယ်ကင်းကြပါစေ မိတ်ဆွေတို့ ရေ။

သိုက်ကြီး(ကျောက်ပန်းတောင်း)

မှတ်ချက်များ