၂၀၁၅ တွင် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ်များ ပြောင်းလဲသတ်မှတ်
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ်များ ပြောင်းလဲ သတ်မှတ်လိုက်သည်ဟု မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ယာဉ်အို ယာဉ်ဟောင်းများ အစားထိုး လျှောက်ထားမှုစနစ် (Consignment စနစ်အပါအဝင်)တွင်လူစီးမော်
တော်ယာဉ်များ၊ ကုန်တင် ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များကို ၂၀၀၃ မှ ၂၀၀၉ ခုနှစ်မော်ဒယ် အတွင်း ၁၃၅၀ စီစီနှင့်အောက်လူစီးယာဉ် များကို ၂၀၀၃ မှ ၂၀၁၅ ခုနှစ်မော်ဒယ်အထိ တင်သွင်းခွင့်ပြုခဲ့သည်။
လူပုဂ်္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ၊ အခြားတစ်ဦးချင်း လျှောက်ထားမှုစနစ်တွင် လူစီး
မော်တော်ယာဉ်များ၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များနှင့် အဝေးပြေးခရီးသည်တင်ယာဉ် (ဘယ်
မောင်း) များကိုမူ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိလည်းကောင်း၊ ကုန်တင်ယာဉ်များနှင့် မြို့တွင်း ခရီးသည်တင်ယာဉ်(ဘယ်မောင်း)များကို ၂၀၀၅ မှ ၂၀၁၅ ခုနှစ်မော်ဒယ်အထိ တင်သွင်းခွင့်ရှိမည်ဟု သတ်မှတ် ထားသည်။
ကားဝယ်ရောင်းကျွမ်းကျင်သူ ကိုအောင်ဇော်ဦး (အရည်ကြို)က “မနှစ်ကထက် မော်ဒယ် သုံးနှစ်ပိုတက် သွားတာပါ။ ကားမော်ဒယ်တွေ မြင့်လာတော့ ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းပါတယ်။ ဒီမူဝါဒကို တော့ ကြိုဆိုပါတယ်” ဟု ထင်မြင်ချက်ပေးသည်။
အငှားယာဉ် လျှောက်ထားမှုတွင်လည်း လူစီးမော်တော်ယာဉ်ကို ၂၀၁၀ မှ ၂၀၁၅ ခုနှစ်မော်ဒယ်အတွင်း တိုင်း/ပြည်နယ် အစိုးရများ၏ ထောက်ခံချက်ဖြင့် တင်သွင်းရမည် ဖြစ်သည်။
ထို့အပြင် FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ်များ လျှောက်ထားရာတွင် လူစီးမော်
တော်ယာဉ်များကို ၂၀၁၀ မှ ၂၀၁၅ ခုနှစ် မော်ဒယ် အတွင်းလည်းကောင်း၊ လုပ်ငန်းသုံးယန္တရားများနှင့် သာသနာရေးဆိုင်ရာယာဉ်များကို ၂၀၀၅ မှ ၂၀၁၅ ခုနှစ် မော်ဒယ်အတွင်း လည်းကောင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တို့ကို ၁၉၉၉ မှ ၂၀၁၅ ခုနှစ်အတွင်း မော်ဒယ်များကို တင်သွင်းရန် သတ်မှတ် ထားသည်။
ထို့အပြင် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ်Brand New မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်းသာ တင်သွင်းရမည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည်။
mizzima

မှတ်ချက်များ