မြစ်ပေါ်မှာ မြစ်
ဓာတ်ပုံမှာမြင်တွေ့နေရတဲ့ ရေပေါ်မှ ရေတံတားဟာ ဂျာမနီနိုင်ငံမှာ တည်ရှိပြီး Water Bridge လို့အ မည်ပေးထားပါတယ်။ ယင်းတံတားကို တည်ဆောက် ရန် ခြောက်နှစ်ကြာပြီး ယူရိုငွေ သန်း ၅၀၀ ကုန် ကျပါတယ်။
တံတားအောက်က မြစ်ကြောင်းလည်း အသွားအလာရှိသလို တံတားပေါ် က မြစ်ကြောင်းမှာလည်း သင်္ဘောများ နေ့စဉ် သွားလာလျက်ရှိပါတယ်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ခဲ့တဲ့ ဂျာမနီ အင်ဂျင်နေ ယာတွေကို ကမ္ဘာတစ်လွှားမှ ပညာရှင်များက လေးစားချီးကျူးခဲ့ပါ တယ်။
အရှည်အားဖြင့် ၉၁၈ မီတာအရှည်ရှိတဲ့ ယင်းတံတားဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး မြစ်ပေါ်မှာ ဖြတ်
ဆောက်ထားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ