ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်

အငြင်းပွား ဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူတွေသိရှိ လေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်း စာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေ နဲ့ ဘာသာခြား ယောက်ျားတို့ရဲ့ ထိမ်းမြား၊ ကွာရှင်း၊ အမွေဆက်ခံ၊ ပစ္စည်းခွဲ၊ သားသမီး ထိန်းသိမ်းတာ
တွေနဲ့ စပ်လျဉ်ပြီး အခွင့်အရေးမျှတစွာ ခံစားနိုင်ဖို့နဲ့ ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာ လို့ ဖော်ပြထားပါတယ်။

ဘာသာခြားယောက်ျားတွေအနေနဲ့ ထိမ်းမြားထားတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို သူတို့ သက်ဝင် ယုံကြည်တဲ့ဘာသာကို လွပ်လပ်စွာ ကိုးကွယ်ခွင့်ပြုဖို့၊ သူတို့နဲ့ ရတဲ့သားသမီးတွေရဲ့ ဆန္ဒအတိုင်း လွတ် လပ်စွာကိုးကွယ်ခွင့်ပြုဖို့၊ အလှူဒါနပြုတာ ဘုရားရှိခိုးတရားနာတာစတဲ့ ဘာသာရေးဆောင်ရွက်ချက်တွေကို ခွင့်ပြုဖို့၊ ဘာသာရေးအရ စော်ကားတာတွေ မလုပ်ဖို့နဲ့ အထွတ်အမြတ်ထားတဲ့ အရာဝတ္တူ၊တွေကို ဖျက် ဆီးတွေမလုပ်ဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေ လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါပေမမယ့် ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းထိမ်းမြားလက်ထပ်တာနဲ့ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေ အချင်းချင်း ထိမ်းမြားလက်ထပ်တာတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။

ဒီဥပဒေကြမ်းဟာ သမ္မတ ဦးသိန်းစိန်အစိုးရက အတည်ပြုပြဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက တခုဖြစ်ပြီး မနေ့ကတော့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်း မာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မျိုးစောင့်ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဗဟိုအဖွဲ့ က လူပေါင်း ၁၃ သိန်းရဲ့ လက်မှတ်တွေနဲ့အတူ သမ္မတထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဒီဥပဒေတွေဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်မှုတွေရှိ တယ်ဆိုပြီး ဝေဖန်မှုတွေ လည်း ကျယ်ကျယ်
ပြန့်ပြန့်ရှိနေတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ