တာချီလိတ်၌ အရန်ပြည်သူ့စစ်တစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး
တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက်တွင် အသက်(၂၆)နှစ်ရှိပြီး အရန်ပြည်သူ့စစ် တစ်ဦးဖြစ်သည့် စိုင်းလုံးကျောက်သည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သတ်သေသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဒီဇင် ဘာလ(၃)ရက် နေ့လယ် (၁း၃၀)နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အသက်(၂၆)နှစ်သာရှိသေးပြီး အရန်ပြည်သူ့စစ် တစ်ဦးဖြစ်သည့် စိုင်းလုံးကျောက်သည် မည် သည့်အကြောင်း ကိစ္စကြောင့်ဟု သိရှိရခြင်း မရှိသော်လည်း ၎င်းသည် အိပ်ခန်းအတွင်း၌ သေနတ်အသံ အား ပြင်ပ၌ မကြားရန်အတွက် စောင်အား သေနတ်ဖြင့် ခံပြီး ၎င်း၏ ယာဘက် နားထင်အား ချိန်ရွယ်ကာ ပစ်၍သေဆုံးနေသည်ကို စောင်နှင့် သေနတ်ညှပ်နေ၍ သော်လည်းကောင်း၊ စောင်မှ ကျဉ်ဆံကြောင့် ပေါက်ထွက်သွားသည်ကို လည်းကောင်း အဆိုပါ အချက်နှစ်ချက်ကြောင့် သိရှိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ၎င်းသည် အိပ်ယာကုတင်ဘေးတွင် ဘေးတစ်စောင်းမှောက်လျှက်၊ ယာဘက် နားထင်ဖောက်ဝင်ပြီး ၀ဲဘက် နားထင်ပွင့်ထွက် ဒဏ်ရာတို့ဖြင့် သွေးအိုင်ထဲတွင် လဲကျ၍ သေဆုံးနေတာကို တွေ့ရှိရပြီး သေဆုံးသူ၏ အနီးတွင် ဖန်မင်ပြည်သူ့စစ်အဖွဲ့ပိုင် အနက်ရောင် သေနတ်(၁)လက်အား တွေ့ရှိ ရသည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူး ကျော်သန်း ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်ကာ စစ်ဆေးကြပြီး သေမှုသေခင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး ဆက်လက်၍ စစ်ဆေးနေကြောင်း သိရှိရသည်။
ကိုဇောင်း | Tachileik Online News
.jpg)
မှတ်ချက်များ