သုံးလနီးပါးရှိပြီဖြစ်သည့် လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးကို ထိုင်းရဲက ယနေ့တိုင် အမှုတွဲတင်နိုင်ခြင်းမရှိသေး
လိပ်ကျွန်း လူသတ်မှုကြောင့် စွပ်စွဲခံထားရ သည့် မြန်မာနိုင်ငံသား နှစ်ဦး ချုပ် နှောင်ခံထားရမှု ယခုလာ မည့်ဒီဇင် ဘာ ၂၅ရက်တွင် ချုပ်ရက် ၈၄ရက် ပြည့်မည်ဖြစ်သော်လည်း ယနေ့တိုင် ထိုင်းရဲဘက်မှ အမှုတွဲ တင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၂ရက် ငါးကြိမ်မြောက် ရမန်ပြည့်ရုံးချိန်းတွင် ထိုင်းအစိုးရ ရှေ့နေမှဆွဲထားသည့်အမှုအတွက် သ တင်းအချက်အလက် မပြည့်စုံမှု၊ သက်သေအသစ်များ ရှာဖွေနေမှု၊ နိုင်ငံခြားသားသက်သေများခရီးလွန် နေမှု စသည့်အကြောင်းပြချက်များ ဖြင့် အမှုတွဲတင်နိုင်ခြင်းမရှိကာခြောက် ကြိမ်မြောက် ယမန်ရုံးချိန်းကို တောင်း ခံခဲ့ကြောင်း သံရုံးအထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ထံမှ သိရသည်။
''ထိုင်းဥပဒေအရ တရားခံလို့ တရားစွဲထားတဲ့သူကို ၈၄ ရက်ပဲ ချုပ်ထားခွင့်ရှိပါတယ်။ ၈၄ရက်အ တွင်း အမှုတွဲမတင်နိုင်ရင် တရားသေ လွှတ်ပေးရမှာပါ။ ထိုင်းအစိုးရရှေ့ နေတွေကတော့ တာဝန်ရှိတဲ့လူတွေ နဲ့တိုင်ပင်ပြီး ဒီရက်အတွင်းအမှုတွဲ တင်ရမယ်လို့ တရားရုံးကိုလျှောက် ထားရာမှာ ပြောကြားခဲ့ပါတယ်။ သူတို့ အမှုတင်တင်၊ မတင်တင် ထိုင်းရှေ့ နေများကောင်စီနဲ့ပေါင်းပြီး အာ မခံရအောင်လုပ်သွားမယ်''ဟု ပြော သည်။
ခြောက်ကြိမ်မြောက် ယမန်ရုံး ချိန်းသည်လည်း ဒီဇင်ဘာ ၃ရက် မှ ၁၃ရက်အထိဖြစ်ပြီး ထိုင်းအစိုးရ ရှေ့နေ များအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်မတိုင်မီ အမှုတွဲတင်သွင်းရမည် ဖြစ်ကြောင်း၊ မြန်မာနှစ်ဦးအာမခံ အတွက် လိုအပ်သည့်ငွေကြေး ထိုင်း ငွေဘတ်နှစ်သန်းနှင့် လိုအပ်သည့် စာရွက်စာတမ်းအားလုံးကို ပြင်ဆင် ပြီးဖြစ်
ကြောင်းလည်း ဦးထူးချစ်က ဆိုသည်။
ယခုတွင် စွပ်စွဲဖမ်းဆီးခံထား ရသည့် မြန်မာနှစ်ဦး ကော့စမွေအ ကျဉ်းထောင်တွင် နေထိုင်စား သောက်ရ
ခြင်း အဆင်ပြေလျက်ရှိ ကြောင်း၊ ကျန်းမာရေးကောင်းမွန် ကြောင်းနှင့်၎င်းတို့နှစ်ဦးအမှုအတွက် ကူညီ
ဆောင်ရွက်ပေးနေသည့်မြန်မာ နိုင်ငံတော်အစိုးရနှင့်တကွ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအားလုံးကို ကျေးဇူး တင်ရှိကြောင်းနှင့်အမှုမှန်ပေါ်ပေါက် ရေးအတွက် ဝိုင်းဝန်းကူညီပေးကြ ပါရန်လည်း ဖမ်းဆီးခံရသူနှစ်ဦးမှ မေတ္တာရပ်ခံခဲ့ကြောင်းလည်း ဦးထူးချစ် ထံမှ သိရသည်။
ယင်းနှစ်ဦးအား ရုံးထုတ်ရာ တွင် မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီမှ ရှေ့ နေ များ၊ ရခိုင်အမျိုးသားကွန်ရက်မှ တာဝန်ရှိသူများ၊ ကော့စမွေအခြေ စိုက် ရခိုင်သာရေး၊နာရေးအသင်းမှ တာ ဝန်ရှိသူများ သွားရောက်ကြား နာခဲ့ကြကြောင်းလည်း ဆိုသည်။
Democracytoday

မှတ်ချက်များ