ဗြိတိန်နိုင်ငံက ဦးနှောက်ကျန်းမာရေး ဆိုင်ရာ လေ့လာသူများရဲ့ သုတေသနက စက္ကန့် ၂၀ လောက် ခြေ တစ်ဖက်တည်းနဲ့ မရပ်နိုင်သူများဟာ ဦးနှောက်ကျန်းမာရေးထိခိုက်နိုင်ချေ ရှိကြောင်း ပြောဆိုထားပါတယ်။
ယင်း စမ်းသပ်မှုကို အရွယ်ရောက်ပြီး လူဦးရေ ၁၄၀၀ မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စက္ကန့် ၂၀ ပြည့်အောင် မရပ်
နိုင်သူများရဲ့ သွေးလည်ပတ်မှုနဲ့ ဦးနှောက်ကျန်းမာရေးကို စစ်ဆေးတဲ့အခါမှာ ကျန်းမာရေး ချို့ယွင်းနိုင်ချေ များပြားတာကို တွေ့ရှိခဲ့ရပါတယ်။ ဖြစ်နိုင်ချေ ရောဂါအနေနဲ့Strokeလို့ခေါ်တဲ့ဦးနှောက်သို့ သွေးလည်ပတ်
အောင်တွန်းပို့ပေးမှုအား လျော့နည်းပြီး ဦးနှောက်သွေးကြော ဆိုင်ရာ ရောဂါ အပြင် အသက်ကြီးလာတဲ့ အခါ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ အတိတ်မေ့တဲ့ ရောဂါလိုမျိုးပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မို့ ခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ပြီး ကိုယ်ဟန်ထိန်းထားနိုင်စွမ်း ရှိမရှိဟာလည်း လူတိုင်း ပြုလုပ်လို့ရတဲ့ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးချက် တစ်ခု ဖြစ်ကြောင်း ဒေါက်တာ Yasuhuru Tabara မှ ပြောကြားခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ