တာလီဘန်တွေရဲ့ လက်ချက်ကြောင့် ပီရှာဝါမြို့ စစ်တပ်စာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူ ၁၃၂ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနေ့က ကျောင်းတတ်တဲ့ ၉တန်းကျောင်းသား၊ ကျောင်းသူအား လုံးသေဆုံးခဲ့ပေမယ့် အီဘရာဟင်လို့ အမည်ရတဲ့ ၉တန်း ကျောင်းသားတစ်ယောက်ကတော့ အသက်ဆုံး ရှုံး ရမယ့်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
အီဘရာဟင်ဟာ မနက်ကျရင် ကျောင်းသွားဖို့ နှိုးစက်ပေး အိပ်ခဲ့ပေမယ့် နှိုးစက်ပျက်သွားခဲ့လို့ အချက်ပေး သံ မမြည်ခဲ့ပါဘူး။ ဒီအတွက် အီဘရာဟင်လည်း ကျောင်းမသွားဖြစ်ခဲ့ပါဘူး။ အီဘရာဟင်သာကျောင်း သွားဖြစ်ခဲ့ရင် အတန်းဖော်တွေလို ကြမ္မာဆိုးမျိုးနဲ့ ကြုံရကောင်း ကြုံရနိုင်ပါတယ်။
ဒါပေမဲ့ နှိုးစက်ပျက်လို့ ကျောင်းချိန်နောက်ကျပြီးမှ နိုးလာတဲ့ အီဘရာဟင်ဟာ ကျောင်းမသွားဖြစ်လို့ အ သက်ဆက်ရှင်ခွင့် ရခဲ့ပါတယ်။
ရိုးရာလေး

မှတ်ချက်များ