အ၀လွန်သူများအား မသန်စွမ်းသူများအဖြစ် သတ်မှတ်မည်ဟု ဥရောပသမဂ္ဂ တရားရုံး ထုတ်ပြန်
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှာ အ၀လွန်သူများကို မသန်စွမ်းသူများအဖြစ် သတ်မှတ်မယ်လို့ ဥရောပ သမဂ္ဂ တရားရုံးက ဥပဒေအမိန့် ထုတ်ပြန်လိုက်ပါ တယ်။ ပြီးခဲ့တဲ့ လေးနှစ်အကြာက ဒိန်းမတ် ကလေး ထိန်းတစ်ဦးဟာ အ၀လွန်ခြင်းကြောင့် မိမိရဲ့ ဖိနပ်ကြိုးကိုတောင် မချည်နိုင်တဲ့အပြင် သူ့အလုပ်ရှင် ရဲ့ အလုပ်ထုတ်ခြင်းကို ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ ယခုလို အမိန့် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါ ဥပဒေများဟာ ဗြိတိန်အပါအ၀င် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အကျုံးဝင်ပြီး လုပ်ငန်းခွင်မှာ အခြားသော အလုပ်သမားများနဲ့ တန်းတူ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အ၀လွန်သူများ ကို မသန်စွမ်းသူများ အဖြစ် ထည့်သွင်းစဉ်းစားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းဥပဒေရဲ့ ဖွင့်ဆိုချက်အရ လူတစ်ဦးဟာ ခန္ဓာကိုယ် အလေးချိန် ညွှန်းကိန်း BMI ၃၀ ထက် ကျော်လွန်လျှင် အ၀လွန်သည်ဟု သတ် မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ဖော်ပြထားပါတယ်။
ဒိန်းမတ်လူမျိုး ကလေးထိန်း ကာစတန် ကယ်လ်တော့ ကိစ္စရပ်ကို ကြည့်မယ် ဆိုရင် ထိုစဉ်က ကာစတန် ဟာ သူ့အပေါ် လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုနဲ့ ကိုယ်ကျိုး ထိခိုက်နစ်နာမှု တို့နဲ့ ပတ်သတ်ပြီး သူ့ရဲ့ အလုပ် ရှင် ဘီလမ်းကို အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာစတန်ဟာ လုပ်ငန်းခွင်အတွင်းမှာ အများ နဲ့တန်းတူ လုပ်ငန်းကို ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အချက်နဲ့ အကျုံးဝင်နေတဲ့ အတွက် ဥရောပ တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ခြင်းမှာ လူမျိုးရေး ခွဲခြား ဆက်ဆံမှု မဟုတ်ကြောင်း အမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။
MOI Webportal Myanmar

မှတ်ချက်များ