အမေပြောတဲ့ ဆင်းရဲခြင်း
သားရေ လောကမှာ ပိုက်ဆံရှိတိုင်းလည်း ချမ်းသာတာ မဟုတ်သလို ပိုက်ဆံ မရှိတိုင်းလည်း ဆင်းရဲတာ မဟုတ်ပါဘူး။ လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ဟာ အရေးကြီး ပါတယ်ကွယ်။
ငါ့သား မှတ်ထားရမည်က " ဘာကိုမှ မလိုချင်ဘူးဆိုရင် ဘယ်တော့မှ ဆင်းရဲမှာ မဟုတ်ဘူး။ ဆင်းရဲတယ် ဆိုတာ မိမိရှိတဲ့ ပစ္စည်း ဥစ္စာတွေနဲ့ မတင်းတိမ်ဘဲအလိုရမ္မက်တွေ ကြီးနေတယ်ဆိုရင် ပိုက်ဆံ ဘယ်လောက်ချမ်းသာ ချမ်းသာ ဆင်းရဲ နေအုံးမှာပါပဲကွယ် "
ငါ့သား အပေါ်ကိုပဲ မကြည့်ပါနဲ့ လည်ပင်းညောင်းလိမ့်မယ် တစ်ခါတစ်လေ အောက်ဘက်ကိုလည်း ကြည့်ပေးပါ။
ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ