စာသင်ခန်း တစ်ခု အတွင်းမှာ ဖြစ်သည်။ ဆရာက ကျောင်းသားကို ယခုလို မေးသည်။
ဆရာ ။ ။ ဟေးးး ငါ မင်းကို လွယ်တဲ့ မေးခွန်း ၁၀ ခု မေးရမလား၊ ခက်တဲ့ မေးခွန်း တစ်ခု မေးရမလား။
ကျောင်းသား ။ ။ ခက်တဲ့ မေးခွန်း ၁ ခုမေးပါ ဆရာ။
ဆရာ ။ ။ အိုကေ . ဒါဆို မင်းကို ငါ မေးမယ်။ နေ့နဲ့ည ဘယ်ဟာက အရင် လာတာ လဲကွ။
ကျောင်းသား ။ ။ နေ့ ပါဆရာ။
ဆရာ ။ ။ အဲဒါကို တိတိကျကျ မင်းပြောနိုင်မလား။
ကျောင်းသား ။ ။ ဆောရီးပါ ဆရာ။ ခုနက ဆရာပဲ မေးခွန်း တစ်ခုပဲ မေးမယ်လို့ ပြောထား တယ်နော်။
သင်ခန်းစာ -
ဥာဏ်ရည် ဥာဏ်စွမ်း မရှိဘူး ဆိုရင် ပါးနပ် ဖို့တော့ လိုတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ