ရုရှားသမ္မတဗလာဒီမာပူတင်သည် တနင်္လာနေ့ကတူရကီနိုင်ငံကိုရောက်ရှိ လည်ပတ်ခဲ့သည်။ အမှန်က ရုရှားနှင့်တူရကီတို့သည် သံတမန် ရေးရာ ဆက်ဆံရေးတင်းမာနေခဲ့သည်မှာ ကြာပြီဖြစ် သည်။ ၂ဝ၁၁ ခုနှစ် တွင် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ခဲ့ရာ တူရကီက ဆီးရီးယားသူပုန်တို့ကို ကူညီ၍ ဆီးရီးယား သမ္မတ အာဆတ်ပြုတ်ကျရေးကို လုံးပန်းခဲ့သည်။ ဆီးရီး ယားနိုင်ငံထဲမှ စစ်ပြေးဒုက္ခသည်တစ်သန်းကျော် တူရ ကီ နိုင်ငံထဲသို့ ဝင်ရောက် ခိုလှုံခဲ့ကြသည်။ ဤကိစ္စက တူရကီ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရသည်။
အခြားတစ်ဖက်၌ ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရကို ထောက်ခံအားပေး နေ သည်။ ဆီးရီးယားသို့လက်နက်မျိုးစုံ ပံ့ပိုးသကဲ့သို့ ဆီးရီးယားဆိပ်ကမ်းများ၌ ရုရှားရေတပ်သင်္ဘောများ ပင် ဆိုက်ကပ်လိုက်သည်။ ပြီးခဲ့သောနှစ်က ဆီးရီးယား အစိုးရက သူပုန်များအား တိုက်ခိုက်ခဲ့သည့် ဓာတုလက် နက်များမှာ ရုရှားထံမှရယူခဲ့သည်ဟုဆိုသည်။ ဤဓာတု လက်နက်များ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် အမေရိ ကန် ပြည် ထောင်စုက ဆီးရီးယားအား စစ်ရေးအရ အရေးယူမည်ဟု စိုင်းပြင်းလာခဲ့ရာ ရုရှားက ဟန့်တား ၍ ဆီးရီးယား၏ဓာတုလက်နက်များကို ဖျက်သိမ်းစေ ခဲ့ရသည်။ ထို့ကြောင့် ရုရှားသည် ဆီးရီး ယားအရေး၌ တူရကီနှင့် လုံးဝ ဆန့်ကျင်လျက်ရှိသည်။ တူရကီနှင့် ရုရှားတို့၏ မပြေလည်သည့် ပထဝီနိုင် ငံရေး တစ်ခုပင် ဖြစ်သည်။
ယူကရိန်းကိစ္စကလည်း တူရကီက ရုရှားအပေါ် တွင် အလွန်အမင်း မလိုလား မှုဖြစ်ခဲ့ရသည်။ ၂ဝ၁၄ ခုနှစ် မတ်လတွင် ရုရှားက ပင်လယ်နက်ဒေသရှိ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့သည်။
ခရိုင်းမီးယားဒေသမှာ တူရကီ အိုတိုမန်အင်ပါယာခေတ်က တူရကီတို့က ပိုင်ဆိုင်ခဲ့သည်။ ထိုဒေသတွင် ယခုအထိ တူရကီ တာတာလူမျိုးတို့နေထိုင်နေဆဲ ဖြစ်သည်။ ဤသိမ်းပိုက်မှုအား တူရကီက ရှုတ်ချကန့် ကွက်ခဲ့သည်။ တူရကီသည် နယ်မြေတည်တံ့ခိုင်မြဲမှု အတွက် နိုင်ငံတိုင်း၏ကြိုးပမ်းမှုကို ထောက်ခံသည်။ တူရကီနိုင်ငံထဲမှ ကာ့ဒ်လူမျိုးစုတို့၏ နယ်မြေခွဲထွက် ရန် ကြိုးပမ်းနေမှုကို အားပေးအားမြှောက်ဖြစ်မည်ကို စိုးရိမ်နေသည်။ ယခုလိုအခြေအနေမျိုး၌ ရုရှား၏ယူ ကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှုကို မလိုလားခြင်း ဖြစ်သည်။
ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားလိုလားသော အစိုးရသည် ခရိုင်းမီးယားဒေသရှိ တူရကီတာတာလူမျိုး စုများကို နှိပ်ကွပ်လျက်ရှိသည်။ ဤအရေးကိစ္စအပေါ် တွင် တူရကီက ရတက်မအေးဖြစ်ရသည်။ တူရကီ သည် ရုရှားအပေါ်၌ ကြီးမားသော မကျေနပ်မှုများရှိ နေသည်ဆိုက မှားအံ့မထင်ပါ။
သို့ရာတွင် မသင့်မတင့်သော ပထဝီနိုင်ငံရေး ပတ်ဝန်းကျင်၌ တူရကီနှင့် ရုရှားခေါင်းဆောင်နှစ်ဦးတို့ မှာ တူညီသော လက္ခဏာများကလည်း ရှိနေကြသည်။ တူရကီသမ္မတအာဒိုဂန်သည် သြဂုတ်လတွင် ဝန်ကြီး ချုပ်ဘဝမှ သမ္မတအဖြစ် ပြောင်းလဲ၍နေရာယူခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယအကြိမ်ဝန်ကြီး ချုပ် သက်တမ်းမထမ်းဆောင်တော့ဘဲ သမ္မတရာထူး ကိုအ ရွေးချယ်ခံခဲ့သည်။ သူဝန်ကြီးချုပ်ဘဝတုန်းက အစိုးရ အဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။ သမ္မတမှာ နိုင်ငံ့ ခေါင်းဆောင် အဖြစ်ဥပဒေများကို လက် မှတ်ထိုးခြင်း နှင့် နိုင်ငံတော်အခမ်းအနားများသို့ တက်ရောက်ရန်သာ တာဝန်ယူရသည်။ ယခုသူကိုယ်တိုင် သမ္မတဖြစ်လာ သောအခါ တူရကီအစိုးရ အဖွဲ့ကို သမ္မတက ဦးဆောင် ရသည်။ ဝန်ကြီးချုပ်မှာ သမ္မတ ခိုင်းစေရာကို လုပ်ရန် သာဖြစ်သွားခဲ့ရသည်။ ဤသည်က အာဒိုဂန်၏ နိုင်ငံ ရေးကုလားဖန် ထိုးနည်းဖြစ် သည်။ အောင်မြင်သောနိုင်ငံရေးနည်းပရိယာယ်ဟု ဆိုရမည်ဖြစ်သည်။
အလားတူစွာပင် ရုရှားသမ္မတပူတင်သည် ၂ဝ၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ သမ္မတအဖြစ် အရွေးခံ ၍ တက်လာခဲ့သည်။ ပူတင်သည် လွန်ခဲ့သောခြောက် နှစ်ခန့်က ရုရှားသမ္မတဖြစ်ခဲ့သည်။ သူသည် သမ္မတ သက်တမ်းနှစ်ကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်ပြီး၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယ သက်တမ်း ဆက် ခံခွင့် မရှိတော့ပေ။ ထို့ကြောင့် ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ၍ သက်တမ်းတစ်ခု တာဝန်ထမ်းဆောင် ခဲ့ ပြန်သည်။ ၂ဝ၁၂ ခုနှစ် ဝန်ကြီးချုပ် သက်တမ်းပြည့် သောအခါ သမ္မတသက်တမ်းကို တတိယအကြိမ် တာဝန် ဆက်ခံခဲ့သူဖြစ်သည်။ ထို့ကြောင့် အာဒိုဂန်နှင့် ပူတင် တို့သည် အကြံတူသည့် နိုင်ငံ့ခေါင်းဆောင် များပင် ဖြစ်နေကြသည်။
အာဒိုဂန်က အသက် ၆ဝ ရှိ၍ ပူတင်က ၆၂ နှစ် ရှိသည်။ နိုင်ငံရေးကို တက်ကြွစွာ လုပ်နိုင်ကြပြီး အတွေ့ အကြုံရင့်ကျက်နေကြသူများလည်း ဖြစ်ကြသည်။ ဤ ပုဂ္ဂိုလ်နှစ်ဦးစလုံးသည် အာဏာရှင်ဆန်ဆန် ကျင့်သုံး လိုသူများ၊ ကျင့်သုံးနေသူများအဖြစ် နိုင်ငံရေးဝေဖန် ဆန်းစစ်သူများက ထောက်ပြ ခဲ့ကြသည်။ သို့ရာတွင် ၄င်းတို့မှာ သြဇာတိက္ကမကြီးမားသူများဖြစ်ကြပြီး ¤င်း တို့၏ပြည်တွင်း၌ ထူးကဲစွာ ထောက်ခံမှုများကို ရရှိနေ သူများလည်းဖြစ်ကြ သည်။
ရုရှားသည်ယူကရိန်းအား နေတိုးအဖွဲ့သို့ဝင် ရောက်မည်ကို ပူပန်နေချိန်၌ နေတိုးအဖွဲ့ဝင်တူရကီ နှင့်လာ
ရောက်ဆက်သွယ်နေရသည်။ တူရကီနှင့်ရုရှား တို့အကြား ကွဲပြားသည့် ပြဿနာများရှိနေသကဲ့သို့ ပစ် ပယ်၍ မရသော ဆက်နွှယ်မှုများကလည်း ရှိနေပြန် သည်။ ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ ပိတ်ဆို့ အရေးယူခံနေရချိန်တွင် ၄င်း၏ဓာတ်ငွေ့များကိုပို၍ ရောင်းချလိုနေ သည်။ ရုရှား၏ဓာတ်ငွေ့များကို ဥရော ပ နိုင်ငံများတွင် ဂျာမနီက အများဆုံး ဝယ်ယူနေပြီး တူရကီက ဒုတိယအများဆုံးဝယ်ယူလျက် ရှိသည်။
တူရကီက ရုရှားဓာတ်ငွေ့ဈေးကို လျှော့ပေးစေ လိုပြီး ဓာတ်ငွေ့ကို ပို၍ ဝယ်ယူမည် ဟုဆိုသည်။ တူရကီ စွမ်းအင်ဝန်ကြီး တာနာယိလ်ဒစ်က ယခုလာမည့် ဆောင်းရာသီ၌ တူရကီက ဓာတ်ငွေ့ ၂၂ ဆပို၍လို မည် ဟုဆို သည်။ ထို့ကြောင့် ရုရှားဓာတ်ငွေ့ကို တူရကီ က တိုးမြှင့်ဝယ်ယူရမည်မှာ သေချာနေပြီဖြစ်သည်။
ရုရှားနိုင်ငံသား ကမ္ဘာလှည့်များသည် နှစ်စဉ် တူရကီနိုင်ငံသို့ လေးသန်းကျော် လာရောက်လည်ပတ် လျက် ရှိနေသည်။ ဤသည်ကလည်း တူရကီ၏စီးပွား ရေးကို အထောက်အကူပြုနေသည်။ ရုရှားသည် တူရကီနိုင် ငံအတွက် ဒေါ်လာ ၂ဝ ဘီလီယံတန်ဖိုးရှိ သည့် ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကို တည် ဆောက်
ပေးနေသည်။ ဤသည်တို့ကလည်း တူရကီ- ရုရှားဆက်ဆံရေးကို မရှိမဖြစ်ခိုင်မာအောင် တွန်းအား ပေးနေ သည့်အရာများ ဖြစ်ကြသည်။
ထို့ကြောင့် ရုရှား သမ္မတပူတင်က ကျွန်တော်တို့နှစ်နိုင်ငံအကြား တချို့ ပြဿနာတွေအပေါ်မှာမတူညီမှုတွေ ရှိေ ပ မယ့် အမြဲ တမ်းတော့ရှိနေမှာ မဟုတ်ပါဘူးဟု တွေ့ဆုံမေးမြန်းခန်း ၌ ဖြေကြားခဲ့သည်ကိုတွေ့ရ သည်။ တူရကီနှင့် ရုရှားတို့ သည် ပထဝီနိုင်ငံရေးပြဿနာများ၌ မတူကွဲပြားမှုများ ရှိနေသည်မှာလည်း အ မှန်ပင်ဖြစ်သည်။ ဆီးရီးယား အရေးနှင့် ယူကရိန်းပြဿနာတို့သည် နှစ်နိုင်ငံအကြား ကွဲပြားခြားနားမှုများ ရှိ နေသည် မှာလည်း အမှန်ပင်ဖြစ် သည်။ သို့ရာတွင် ဤကွဲပြားမှုများ၏ ပကတိအခြေအ နေအပေါ်၌ အခြေမစိုက်ဘဲ နှစ်နိုင်ငံအကြား ရေရှည် စီးပွားရေး၊ ကုန်သွယ်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးတို့ အပေါ်၌သာ အာရုံစူးစိုက်ဆွေးနွေးခဲ့ကြခြင်း သည် တူရကီနှင့် ရုရှားခေါင်းဆောင်နှစ်ဦးတို့၏ ထူး ခြား စွာလုပ်ဆောင်ခဲ့ မှုများဟု ဆိုရပေမည်။ အာဒိုဂန် နှင့် ပူတင်တို့မှာ အသွင်အပြင်နှင့် နိုင်ငံရေး လမ်း
ကြောင်းများကလည်း ထပ်တူထပ်မျှနည်းပါးတူညီနေ ကြသည်။ထို့ကြောင့် အသွင်မတူသော ဖြစ်ရပ်ထဲမှ အသွင်တူသော ခေါင်းဆောင်နှစ်ဦး ဆိုက မှားမည် မထင်ပါ။
သီဟ | Democracytoday

မှတ်ချက်များ