![]() |
ဓာတ်ပုံ - လှိုင်မျိုးထွန်း |
မြင့်တက်လာကြောင်း ကားအကျိုးဆောင်များ ထံမှသိရသည်။
ယခုရက်ပိုင်းအတွင်း စက်မှု ဇုန်ဂျစ်ကားစလစ်ဈေးမှာ ကျပ် ၄၃ သိန်းခန့်ရှိနေရာမှ ကျပ် ၄၉ သိန်းဝန်းကျင် သို့ရောက်ရှိခဲ့ပြီး ဆက်လက်မြင့်တက်နိုင်သောအခြေ အနေသို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ''နောက်နှစ် အခွန်မလျှော့ ပေးတော့ဘူးဆိုတာကြောင့်စလစ်ဈေးပြန်တက်လာတာပဲ။မော်တော်ယာဉ်လျှောက်ထားခွင့် ပါမစ်ကို ဒီလထဲမှာလုပ်ပေးတော့မယ်ဆိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်''ဟု အကျိုးဆောင် ဦးခင်စိုးကပြော သည်။
ယာဉ်အိုဟောင်းအပ်နှံသူများ ကိုလည်း မော်တော်ယာဉ်တင် သွင်းခွင့်ပါမစ်ကို ဒီဇင်ဘာ ၂၄ ရက် အထိသာ
လျှောက်ထား ခွင့် ပြုမည်ဖြစ်၍ အပ်နှံသူများပြားနေ ပြီး ကားစလစ်ဈေးများမြင့်တက် နေသည်။
၂ဝ၁၅ခုနှစ်အတွင်းဆိပ်ကမ်း ရောက်ကားတန်ဖိုးသတ်မှတ်ရန်မရှိ ဘဲ ဆိပ်ကမ်းရောက်ကားများအ ပေါ်လာ မည့်နှစ်ဆန်းမှ စတင်ကာ သွင်းကုန်ပါမစ် ID ဖွင့်ခွင့်ပေးအပ် မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံ မော်တော် ယာဉ်အသင်း (MAMDA)မှ သတင်းထုတ်ပြန် ထားသည်။
ရန်ကုန်မြို့တွင်း နေထိုင်သူများအနေဖြင့် ကိုယ်တိုင် ကားပါမစ်လျှောက်ထားခြင်းနှင့် ကားပါမစ်ရရှိရန် ကားပါကင်ပါ မူတွဲ တင်ပြခြင်းများ ပြုလုပ်သွားမည် ဖြစ်ရာ ကားတင်သွင်းခြင်းကို ပါမစ်ရမှာသာ ဆောင် ရွက်နိုင်မည်ဖြစ်သည်။
ပြည့်ဖြိုးကျော် | The Union Daily

မှတ်ချက်များ