မြို့တော်ခန်းမရှေ့ မိကျောင်းကန်သပိတ်စခန်းကို ယနေ့နံနက်စောပိုင်းကဖယ်ရှား
မြို့တော်ခန်းမရှေ့ ပိတ်ဆို့ဆန္ဒပြနေသော မိကျောင်းကန်ယာယီသပိတ်စခန်းကို စည်ပင်နှင့်ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ၂၃)နံနက် ၅ နာရီခွဲအချိန်တွင် ဖယ်ရှားလိုက်ကြောင်းသတင်းရရှိသည်။
မိကျောင်းကန်သပိတ်စခန်းမှ ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိသည်၊ဖမ်းဆီးခံ ရသူ ၁၄ဦးကို ပုဒ်မ ၃၄၁ ဖြင့် အမူဖွင့်ထားပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင်ယနေ့ရုံးထုတ်စစ်ဆေးဖွယ် ရှိကြောင်းသတင်းရရှိသည်။
မြို့တော်ခန်းမရှေ့တွင် မိကျောင်းကန်ယာယီသပိတ်စခန်းဖွင့်ကာ ပိတ်ဆို့ဆန္ဒပြနေသည်မှာ တစ်ပတ်ကြာ
မြင့်ပြီဖြစ်ပြီး တစ်ပတ်ကြာမြင့်ချိန်တွင် ယခုကဲ့သို့ ဖယ်ရှားခံရခြင်းဖြစ်သည်။
7day



မှတ်ချက်များ