ဘဝများကို လေ့လာကြည့်ပါ


Photo By - skipology
မိုးတွေ အရမ်းရွာနေတဲ့ အခါမှာ အိမ်ထဲမှာ နေရင် မိုးတွေ ဘယ်လောက် သည်းသည်း ရွာနေသလဲ ဆိုတာ ကို ကောင်းစွာ သိနိုင်မှာ မဟုတ်ဘူး။ နေတွေ အရမ်းပူနေတဲ့ အခါမှာ အပြင်လောကရဲ့ နေပူဒဏ်ကို အိမ် ထဲကနေ အလွယ်တကူ မသိနိုင်ဘူး။ ကိုယ်တိုင် အပြင်ထွက် ကြည့်မှသာ ကောင်းစွာ သိနိုင်ပါလိမ့်မယ်။

ဒီလိုပါပဲ ကိုယ်ဟာ ချမ်းသာတဲ့ လူတန်းစား အသိုင်းအဝိုင်း ကနေ ပေါက်ဖွားကြီးပြင်းလာတယ်ဆိုရင်ဆင်း ရဲတဲ့ ဘဝ၏ သဘော သဘာဝကို ကောင်းစွာသိနိုင်မှာ မဟုတ်ဘူး။ သိတယ် ဆိုရင်တောင် အပေါ်ယံပိုင်း ကိုပဲ သိနိုင်လိမ့်မယ်။ အကယ်၍ အဲလို ဘဝတွေကို သိချင်တယ် ဆိုရင် ကိုယ်တိုင် အဲဘဝကို ရောက်မှသာ နားလည် သဘောပေါက် လာမှာပါ။

အဲဒီအတွက်ကြောင့် ဘဝမျိုးစုံကို ဖြတ်ကျော်ဖူးသူ တစ်ယောက်ဟာ လူ့တန်းစား အလွှာ အသီးသီးမှာ ရှိနေတဲ့ စိတ်ခံစားချက်နဲ့ သဘော သဘာဝတွေကို ကောင်းစွာ သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် မခံစားဘူး ကိုယ်တိုင် မလုပ်ဘူး မမြင်ဘူးဖူး ဆိုရင် အလွယ်တကူ မပြောပါနဲ့။

ေေ ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ