ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီတွင် ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ရွေးချယ်ပွဲ အခမ်းအ နားတွင် အကယ်ဒမီ ရရှိမည့် သူများအတွက် အနုပညာ လောကသားများ၏ စကားသံနှင့် ပတ်သက်၍ ...
အောင်ခိုင်
ဒီနှစ်က ရုပ်ရှင် အစည်းအရုံးက နေပြီး ပထမဆုံး ကျင်းပမယ်ဆိုတော့ ထူးခြားမှုတွေကတော့ ရှိမှာပါ။ ကိုယ့်လောကသားတွေ အတွက် ဂုဏ်ယူပါတယ်။ ရတဲ့သူတွေ အတွက်ကတော့ အတိုင်းထက် အလွန်ပေါ့။
ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်သွားမှာပါ။
မိုးအောင်ရင်
အခုကလည်း အကယ်ဒမီပွဲ အချိန်ကတော့ နီးနေပါပြီ။ ဘယ်သူတွေ ဘယ်လိုရမလဲ ဆိုတာတော့ ကြိုပြီး မပြောတတ်ဘူး။ ကိုယ့်အနုပညာ လောကသားတွေထဲက ဘယ်သူတွေ ရရ ကျွန်တော်ကတော့ သွားပြီးအားပေးမယ်။ ပရိသတ်တွေ ထင်ထားတဲ့ သူနဲ့ ရမယ့်သူ ထပ်တူကျနိုင်ပါစေလို့ ဆုတောင်းပါတယ်။
အောင်ရဲလင်း
ကြားနေတာတော့ မျိုးစုံပေါ့။ ကိုယ်က ဘယ်သူရမလဲ မသေချာလို့ မပြောချင်ဘူး။ ကြားနေတာ ကတော့ ကိုပြေတီဦး၊ ကိုနေတိုး၊ မခိုင်သင်းကြည်၊ ဝတ်မှုန်ရွှေရည်၊ မိုးဟေကိုလို့တော့ ကြားပါတယ်။ ပွဲတက်ပြီးတော့ ရတဲ့သူတွေအတွက် ပီတီဖြစ်မယ်။ အားပေးမယ်။
ယွန်းယွန်း
ယွန်းတို့ တုန်းကလို အနုပညာ လောကထဲမှာ ရှိတဲ့သူတွေ အကုန်လုံးကို ရစေချင်တယ်။ ဘယ်သူရမလဲ ဆိုတာတော့ မပြောတတ်ဘူး။ ကိုယ့်အစ်မတွေ၊ အစ်ကိုတွေအတွက် အားပေးမယ်။ ရတဲ့သူတွေအတွက် ဝမ်းသာမယ်။ ပြီးတော့ ပျော်ရွှင်ပါတယ်။
ထက်အောင်

မှတ်ချက်များ