တနင်္ဂနွေသားသမီး
ကျိုးနွံပါ၊ တာဝန်ယူပါ၊ အလုပ်ပြင်းပြင်းထန်ထန် လုပ်သင့်သည့် အချိန်ပင်။ ကိုယ်တာဝန်ယူရသည့်အပိုင်း က သေးသေးလေးသာ ဖြစ်သော်လည်း တိတိကျကျသာ လုပ်သင့်သည်။ သင်ချစ်သောသူက သင့်စိတ်ကူး များအပေါ် စိတ်အားမထက်သန်သလို ဖြစ်နေမည်။
တနင်္လာသားသမီး
ငွေကြေးပိုင်း အလွန်အကျွံ သုံးစွဲမိနိုင်သည့်ကိစ္စများ အစကတည်းက ရှောင်ထားပါ။ ကိုယ်ပိုင်ပစ္စည်းတစ်ခုခု အား ဌားရမ်းခြင်း သတိထားပါ။ နှောင့်နှေးခြင်းများ၊ အစီအစဉ်ပြန်လည်စွဲရခြင်းများ ရှိမည်။
အင်္ဂါသားသမီး
တာဝန်အသေးအဖွဲလေးများကို လေးလေးနက်နက် လုပ်မိနေတတ်သည်။ လုပ်နေကျ မဟုတ်သည့်ကိစ္စများ ကို လုပ်ကြည့်ရမည့် အချိန်မဟုတ်ပေ။ ငွေကြေးနှင့် ပက်သက်သည့် ကိစ္စများ ဆောင်ရွက်ရနိုင်သည်။
ဗုဒ္ဓဟူးသားသမီး
ပါးနပ်မှုရှိပါ။ အသေးအဖွဲ့လေးများကို အထင်မသေးပါနှင့်။ အကူအညီတောင်းသူများ ပေါ်လာနိုင်သည်။ ဝယ်ယူရမည့်ကိစ္စရှိပါက ငွေကြေးပိုင်း သတိထားသုံးစွဲပါ။ အပေါင်းအသင်းများနှင့်သုံးဖြုန်းမည့်ကိစ္စများ အထူးရှောင်ထားသင့်သည်။
ကြာသပတေးသားသမီး
အနာဂတ်အတွက် အစီအစဉ်များ ချမှတ်နေသည့်ကာလပင်။ ဆုံးဖြတ်ချက် ချစရာများ ရှိနေသည်။ လက် တွဲဖော်နှင့် အဆင်မပြေသူများ အပြောင်းအလဲကို စဉ်းစားနေမိသည့် ကာလပင်။ ကိုယ်လုပ်နိုင်သည့် ရည်မှန်းချက်လေးများကိုသာ ဦးစားပေးချမှတ်သင့်သည်။
သောကြောသားသမီး
ငွေကြေးသုံးစွဲမှုနှင့်ပက်သက်၍ စိတ်ရှုပ်ထွေးရမည်။ စိတ်တင်းကြပ်မှုများ ရှိနေမည်။ ဆက်သွယ်ရမည့်ကိစ္စများ
ကောင်းမွန်သည်။ ကျန်းမာရေး ဂရုစိုက်သင့်သောအချိန်ပင်။ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွဲသင့်သည်။
စနေသားသမီး
အခင်မင်ဆုံးမိတ်ဆွေများကိုတောင် မပြောချင်သည့်ကိစ္စများ ရှိနေနိုင်သည်။ ငြီးငွေ့မှုများရှိနေပြီး အပြောင်း အလဲ လုပ်ချင်နေသည်။ လက်တွဲဖော်နှင့် နားလည်မှုရှိနေသော ကာလပင်။ သို့သော်လည်း အချစ်ရေးသည်
နောက်ဆုံးမှတွေးသည့် ကိစ္စဖြစ်နေသည်။
ဖိုးသူတော်

မှတ်ချက်များ