အမေရိကန်နိုင်ငံသို့ပျံသန်းမည့်လေယာဉ် ဆူပူမှုကြောင့် ဂျပန်၌ အရေးပေါ်ဆင်းသက်ခဲ့ရ
အမေရိကန်နိုင်ငံသို့ ပျံသန်းမည့် ခရီးသည်တင် လေယာဉ်တစ်စင်း ပေါ်၌ ဆူပူမှုဖြစ်ပွားသဖြင့် လူ များစွာ ဒဏ်ရာရရှိခဲ့ပြီး တိုကျို၌ အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့ ရသည်။
အမေရိကန် လေကြောင်းလိုင်း ပိုင် အဆိုပါလေယာဉ်သည် တောင်ကိုရီးယားအင်ချွန်းမြို့မှအမေရိကန်နိုင်ငံ
ဒါးလက်စ်မြို့သို့ ပျံသန်းမည်ဖြစ်သည်။
ဒဏ်ရာရှိသူငါးဦးကို ဆေးရုံ သို့ပို့ဆောင်ထားကြောင်း၊ သို့သော် လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊
ခရီးသည်များနှင့် ဝန်ထမ်းများအားလုံးကို ဆေးဝါး ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း အဆိုပါလေကြောင်း လိုင်းက ပြောခဲ့ သည်။
ဖြစ်စဉ်မှာ အစားအစာများကို လေယာဉ်ထဲတွင် လွှင့်ပစ်လိုက် ခြင်းကြောင့် ၇၅ မိနစ်ခန့် ဆူပူမှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ဝန်ထမ်းတစ်ဦးက မျက်နှာကြက်ကို ပစ်ပေါက်ခြင်း၊ ၄င်း၏ဦးခေါင်းဖြင့် ဆောင့်ခဲ့ခြင်းများ ပြုလုပ် ခဲ့ကြောင်း ခရီးသည်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကျိုဒို သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လေယာဉ်သည် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက တိုကျို လေဆိပ်တွင် ပြန်လည်ဆင်းသက် ခဲ့ရပြီး အမေရိ ကားသို့ အဆိုပါနေ့ နှောင်းပိုင်းတွင် ဆက်လက်ထွက်ခွာ မည်ဟု ခန့်မှန်းရကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
Myanmaalinn

မှတ်ချက်များ