၈ နှစ်အရွက် မျက်မမြင်ကျောင်းသားလေး သူ့ကြိမ်တုတ်ကောက်အား သိမ်းယူအပြစ်ပေးခံရ


အမေရိကနိုင်ငံ Kansas မြို့ Gracenor မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ၈ နှစ်အရွယ် Dakota Nafzinger ဆိုသူမှာ မွေးကတည်းက အမြင်အာရုံ ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ ဒါကို ဆေးပညာအရ Bilateral Anopthalmia လို့လည်းခေါ်ပါတယ်။ သို့ပေမယ့် ကျောင်းပိုင်ပစ္စည်းဖြစ်တဲ့ တုတ်ကောက်နဲ့ ကျောင်းကြို/ ပို့ကားပေါ်မှာ လူယောက်ကို ရိုက်ခဲ့ကြောင်း စွပ်စွဲခံရပြီးတဲ့နောက် ကြိမ်တုတ်အသိမ်းခံလိုက်ပါတယ်လို့ FOX သတင်းအစီရင်ခံစာက ဆိုပါတယ်။

ဒီကလေးဟာ တုတ်ကောက်မပါဘဲ သွားလာမယ်ဆိုရင် ဒုက္ခရောက်မှာဖြစ်တဲ့အတွက် ဒီအမှုဖြစ်ပြီးတဲ့
နောက် သူအားတုတ်အပျော့လေးတစ်ခု ပေးကိုင်ထားကြောင်း ကျောင်းတည်ရှိရာပြည်နယ်ဒေသ ပြောရေး ဆိုခွင့်ရှိသူ Michelle Cronk က သတင်းဌာနကို ပြောပြခဲ့တယ်။ ကောင်လေးရဲ့ မိခင်ဖြစ်သူ Rachel ကတော့ "ဘာကြောင့် အဲဒီလိုလုပ်ရတာလဲ။ မိမိ အမြဲတစေ အသုံးပြုနေရမယ့် အရာတစ်ခုကို ဘာအ
ကြောင်းကြောင့် သိမ်းယူရမှာလဲ။ ဒါသူ့မျက်စိတွေပါ"လို့ News channel ကို ပြောပြခဲ့တယ်။ သူ့ဘဝမှာ သူများတွေနညးတူ ဖြတ်သန်းလာခဲ့ဖူးပြီ။ ၈ နှစ်ပါရှိပြီ။ ကျွန်မသားကို တခြားတစ်ယောက်ယောက် ဒီလို အခြေအနေရောက်အောင် လုပ်နေတာမျိုး လုံးဝမကြိုက်ဘူးလို့လည်း သူမက ပြောဆိုသွားပါတယ်။

metro.co.uk

မှတ်ချက်များ