၂၀၁၄ ဘီဘီစီတစ်နှစ်တာအကောင်းဆုံး နိုင်ငံခြားအားကစားသမားဆု ရော်နယ်ဒိုဆွတ်ခူး


ပေါ်တူဂီနှင့် ရီးရဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ဘီဘီစီသတင်းဌာနက ချီးမြှင့်သည့် ၂၀၁၄ ၏ အကောင်းဆုံး နိုင်ငံရပ်ခြားအားကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ သည်။

ယမန်နှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရော်နယ်ဒို(၂၉)နှစ်သည် ၂၀၀၂ ခုနှစ်က ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒို ထိုဆုကိုရပြီးနောက် ဒုတိယမြောက် ရဖူးသည့် ဘောလုံးသမား ဖြစ်လာသည်။ ‘‘အင်္ဂလန်က ကျွန်တော်ပရိသတ်ဟောင်းတွေနဲ့ ဘီဘီစီကို ဒီဆုအတွက် ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင် ပါတယ်’’ဟု ရော်နယ်ဒိုက ပြောသည်။ ၎င်းသည် ယခုနှစ်အတွက် ကမ္ဘာ့နံပါတ်(၁) တင်းနစ်မယ်၊ လက်ဝှေ့ အကျော်အမော် မေဝဲသာ၊ ကမ္ဘာ့ဆိုင်ကယ်ပြိုင်ပွဲ MotoGP ချန်ပီယံ စပိန်မှ မာက်မား ကွက်ဇ်တို့ကို ဖြတ်
ကျော်ပြီး ပရိသတ်များ၏ မဲအများဆုံးရခဲ့ခြင်း ဖြစ်သည်။

ဘီဘီစီ၏ ၂၀၁၃ အတွက်တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို ဖော်မြူလာဝမ်းချန်ပီယံ ဂျာမန် ကားမောင်းသမား ဆီဘတ်စတီယန်ဗက်တဲက ရရှိခဲ့ဖူးသည်။

7day

မှတ်ချက်များ