ထူးခြားတဲ့ ကြောင်လေးကို ၁၉၉၉ခုနှစ် စက်တင်ဘာလမှာ လူတစ်ယောက်က တိရစ္ဆာန်ကုဆရာဝန် မာတီစတီဗင်ထံ လာပို့ခဲ့ပြီး စတီဗင်ကဒီကြောင်လေးကို ဆက်လက်ကျွေးမွေး စောင့်ရှောက်ခဲ့တာပါ။ မျက်နှာ(၂)ဖက်ပါပြီး မျက်နှာတစ်ဖက်ချင်းစီကို နာမည်တစ်မျိုးပေးတဲ့အတွက် ဖရန့်နဲ့ လူဝီလို့ အမည်ပေးရာကနေ ဖရန်ကန်လူဝီလို့ အမည်တွင်ခဲ့တာပါ။
မျက်နှာ(၂)ဖက်ပါတဲ့ Janus ကြောင်မျိုးနွယ်ဝင်တွေ တော်တော်များများ မွေးရာပါ ချို့ယွင်းချက်ကြောင့် အသက်မရှည် တတ်ကြလို့ ဖရန်ကန်လူဝီလည်း ဒီလောက်ထိ အသက်ရှည်လိမ့်မယ်လို့ စတီဗင် မမျှော် လင့်ခဲ့မိပါဘူး။
ဒါပေမဲ့ စတီဗင်ဟာ မွေးကင်းစ ကြောင်ငယ်လေး ဖရန်ကန်လူဝီကို ပါးစပ်(၂)ဖက်လုံးကနေ ပိုက်နဲ့ အစာရေ စာ ကျွေးမွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖရန်ကန်ဘက်ခြမ်းက ပါးစပ်ပေါက်ပဲ အစာပြွန်နဲ့ ချိတ်ဆက်နေတာ ကို စတီဗင် သိသွားခဲ့ပါတယ်။ ဖရန်ကန်လူဝီဟာ စတီဗင်ရဲ့ ပြုစုမှုကြောင့် ၀ဖြိုးလာခဲ့ပြီး စတီဗင်ရဲ့ အိမ်နီး ချင်းတွေကလည်း ဒီကြောင်လေးကို ချစ်ကြပါတယ်တဲ့။
မျက်နှာ(၂)ဖက်၊ မျက်လုံး(၃)လုံး၊ ပါးစပ်(၂)ပေါက်ပါတဲ့ ဖရန်ကန်လူဝီဟာ ၂၀၁၂ခုနှစ်မှာ Janus ကြောင် မျိုးနွယ်ဝင်တွေထဲမှာ အသက်အရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါတယ်။ မျက်လုံး(၃)လုံး ပါပေမဲ့ ဘေးဘက်မျက်လုံးတွေပဲ အကောင်းပကတိ လှုပ်ရှားနိုင်ပြီး အလယ်မျက်လုံးကတော့ လှုပ်ရှားနိုင်
ခြင်းမရှိပါဘူး။ ဖရန်ကန်လူဝီ သေဆုံးခဲ့ရတာ ကင်ဆာရောဂါကြောင့် ဖြစ်ဖို့များတယ်လို့ စတီဗင်က ယူဆနေပါတယ်။
dailymail

မှတ်ချက်များ