ကယ်လီဖိုးနီးယား ပင်လယ်ကမ်းခြေမှ ၁၂ပေါင်ခန့်ရှိ ပုစွန်တုပ်ကြီးတစ်ကောင် ဖမ်းဆီးရမိ


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပင်လယ်ကမ်းခြေမှာ အလေးချိန် ၁၂ပေါင်ခန့်ရှိ တဲ့ ပုစွန်တုပ်ကြီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေငုပ် သမားတစ်ဦးက ပြောခဲ့ပါတယ်။

အဆိုပါအလေးချိန် ၁၂ပေါင်ခန့်ရှိတဲ့ အလွန်ကြီးမားသောပုစွန်တုပ်ကြီးကို ဖမ်းဆီးရမိ ခဲ့တဲ့ ရေငုပ်သမား ဟာ ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး Forrest Galante လို့ အမည်ရပါတယ်။ သူဟာ ကယ်လီဖိုးနီးယားပင် လယ်ကမ်းခြေများရှိ Anacapa ကျွန်းဆွယ်မှာ အခွံမာရေနေသတ္တ ဝါတွေကို ရေငုပ်ပြီးရှာဖွေရင်း တွေ့ ရှိခဲ့တာပဲဖြစ် ပါတယ်။ ယင်းအလေးချိန် ၁၂ပေါင်ခန့်ရှိတဲ့ ပုစွန် တုပ်ကြီးဟာ သက်တမ်း နှစ် ၇ဝရှိပြီဖြစ် တယ်လို့ Forrest က ပြောခဲ့ပါတယ်။

Forrest သူရေငုပ်ကာ အခွံမာရေနေ သတ္တဝါကို ရှာဖွေနေတဲ့ သက်တမ်းတစ်လျှောက် မှာ ပထမဦးဆုံး အရွယ်အစား ၁၂ပေါင်ခန့်ရှိတဲ့ ပုစွန်တုပ်ကြီးကို တွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Forrest ''အဲဒီပုစွန်တုပ်ကြီးဟာ ကမ္ဘာ့အကြီးမားဆုံးပုစွန်တုပ်ကြီးတစ်ကောင်ဖြစ် လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော် သူ့ကို တွေ့ရှိတုန်းက အတော်လေးစိတ်လှုပ်ရှားမိ တယ်။ တစ်ခါမှ မကြုံတွေ့ ခဲ့မိပါဘူး''လို့ ပြောခဲ့ ပါတယ်။

  Mirror

မှတ်ချက်များ