တစ်ကိုယ်တော်ဖျော်ဖြေပွဲအချိန် ရွှေ့လိုက်တဲ့ ၀ိုင်းစု


ဝိုင်းစုခိုင်သိန်း၏ ပထမ ဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲများ ကို ၂၀၁၅ နှစ်ဆန်းတွင်ပြုလုပ် ရန်စီစဉ်ထား
သော်လည်း မိခင်၏ ကျန်းမာရေးကိစ္စအပါအဝင် ခရီး များဆက်တိုက်သွားနေရသော ကြောင့် တက္ကသိုလ် ၀င်တန်းစာမေးပွဲပြီးမှသာ ပြုလုပ်တော့မည်ဟု ဝိုင်းစုခိုင်သိန်း၏ မိခင်က ပြောသည်။

‘‘အန်တီ ကျန်းမာရေးကိစ္စနဲ့ ခရီးသွားရတာရယ်၊ ခရီးတွေ ဆက်တိုက်ထွက်နေရတာရယ် ကြောင့် အခုချိန် ထိပြင်ဆင်မှုက အားလုံးမပြီးသေးဘူး။ ဖေဖော်ဝါရီကျတော့လည်း ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲတွေ တစ်နိုင်ငံ လုံးလုပ် ကြမှာဆိုတော့ ဆယ်တန်းစာမေး ပွဲ ပြီးတဲ့အချိန်လောက်မှပဲလုပ်ဖြစ် မယ်’’ဟု ၎င်းက ပြောသည်။

ဝိုင်းစုခိုင်သိန်း၏ ပထမဆုံး အကြိမ် တစ်ကိုယ်တော်ဖျော်ဖြေ ပွဲများကို ယခင်က ဇန်နဝါရီ ၄ ရက်တွင် ရန် ကုန်မြို့၌လည်း ကောင်း၊ ယင်းဖျော်ဖြေပွဲကျင်းပ ပြီးချိန်တွင် မန္တလေးမြို့၌လည်း ကောင်း ကျင်းပရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသားအဆို ရှင် ၁၄ ဦးနှင့် သီဆိုထားသော အခွေကိုလည်း ၂၀၁၅ ချစ်သူများ နေ့အမီထွက် ရှိနိုင်ရန် ကြိုးစားနေ ကြောင်း ၎င်းက ပြောသည်။

‘‘သီိချင်းသွင်းဖို့ကတော့ သုံးလေးယောက်လောက်ပဲကျန် တော့တယ်။ အကုန်လုံးက ပွင့် လင်းရာသီဆို
တော့ ခရီးတွေ တော်တော်များများသွားနေရ တယ်။ အဲဒါကြောင့် စတူဒီယို ရက်ချိတ်လိုက် ပြန်ပြောင်း လိုက် လုပ်နေရတယ်’’ဟု ဝိုင်းစုခိုင်သိန်း ၏ မိခင်က ပြောသည်။

နယ်ဖျော်ဖြေရေးခရီးစဉ် အနေဖြင့် ရန်ကုန်၊ မကွေး၊ ပြင်ဦး လွင် စသည့်မြို့များသို့သွားရန် အစီအစဉ်ရှိပြီး ဒီဇင်ဘာ ၂၇ ရက် တွင်ပြုလုပ်မည့် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသို့ ဒီဇိုင်နာမပုံ့၏ ဝတ်စုံဖြင့် တက်ရောက်မည်ဟု ၎င်းက ဆက် လက်ပြောသည်။

ဇွဲဉာဏ် | 7day



မှတ်ချက်များ