ကမ္ဘောဒီးယားတွင် HIV ပိုးကူးစက်မှုနှုန်းမြင့်မားခြင်းကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်နေ
ကမ္ဘောဒီးယားတွင် HIV ဗိုင်း ရပ်စ်ကူးစက်ခံရသူ ၁ဝ၆ဦး ရှိသွား ပြီဖြစ်သည်။ ယင်းသို့ဖြစ်ပွားခြင်းမှာ
မသန့်သောဆေးထိုးအပ်များ ကြောင့်ဟု ယုံကြည်ရသည်ဟုသိရ သည်။ ထိုကိစ္စကိုစုံစမ်း စစ်ဆေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အမိန့်ပေးထားသည်ဟု သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဘက်တမ် ဘန်းပြည်နယ်အနောက်ပိုင်းရှိ ဝေး လံသီခေါင်သော ကျေးရွာ ရိုကာရှိ ရွာ သူရွာသားများသည် HIV ပိုးကူး စက်မှုအတွက် အထိတ်တလန့်ဖြစ် နေကြသည်။ HIV ပိုးကူးစက်ဖြစ် ပွား မှုသတင်း လွန်ခဲ့သော သီတင်း ပတ်၌ဖြစ်ပေါ်ကတည်းက စစ်ဆေး စမ်းသပ်မှုများပြုလုပ်ရန် ကြိုးပမ်းခဲ့ ကြ သည်။
HIV ပိုးကူးစက်ခံရသူအရေ အတွက် များနေသည်ဆိုသောသတင်း ကြောင့် ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့( WHO)မှ အဖွဲ့များအပြင် ကုလ သမဂ္ဂအကူအညီပေးရေးအဖွဲ့များ သည် အဆိုပါ HIV ကူးစက်ဖြစ်ပွားရာ ရိုကာကျေးရွာသို့ ဒီဇင်ဘာ ၁၆ရက်ကတည်းက ရောက်ရှိနေကြ သည်။
ရိုကာရွာသား အသက်၇၄ နှစ်ရှိ အမျိုးသားတစ်ယောက်တွင် HIV ပိုးရှိသည်ကို စစ်ဆေးတွေ့ရှိသည့် နိုဝင် ဘာလအနှောင်းပိုင်းမှ စ၍ HIV ပိုး ကူးစက်ဖြစ်ပွားမှုပေါ် ပေါက်လာခြင်းဖြစ်သည်။
ထို HIV ပိုးကူးစက်မှုမှာ လိုင် စင်မရှိသော ဒေသဆရာဝန်များ ဒေါက်တာရမ်းကုများက လူနာများ ကို ဆေး လိုက်ကုရာမှ HIV ပိုးကူး စက်ဖြစ်ပွားမှုလျင်မြန်ခြင်းဖြစ်ကြောင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်များ ကြောင့် ကူးစက်ဖြစ်ပွားခြင်းဖြစ် ကြောင်း ဒေသမီဒီယာများက ဖော် ပြသည်။
AFP

မှတ်ချက်များ