ရန်ကုန်မြို့တွင်းရှိ LED ဘုတ်များတွင် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီးကို တိုက်ရိုက် ပြသနိုင်ရန် စီစဉ်
၂ဝ၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆ ပေးပွဲကြီးတွင် ပြည်သူ ပရိ သတ်များ အတွက် လက်မှတ်ရောင်းချ
ခြင်းများ ရှိမည် မဟုတ်သော်လည်း အကယ်ဒမီ ဆုပေးပွဲကြီး ကျင်းပမည့် မျက်နှာချင်းဆိုင် ရှိ ပြည်သူ့ရင်ပြင် အပါအဝင် ရန်ကုန်မြို့ အနှံ့ရှိ LED ဘုတ်ကြီးများတွင် အကယ်ဒမီ ဆုပေး ပွဲကြီး၏ အစီအစဉ်များကို တိုက် ရိုက် ထုတ် လွှင့် ပြသပေးသွားနိုင်ရန် စီစဉ် နေကြောင်း သိရသည်။ အဆိုပါ ကိစ္စရပ် နှင့်ပတ်သက်ပြီး မြန် မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က “အခု အဲဒါ ကို ဆွေးနွေး ဆောင် ရွက်နေပါတယ်။
သေချာပြီ လို့တော့ မပြောနိုင်သေးပါဘူး။ ဆောင်ရွက် တုန်း အခြေအနေပါ ပြည်သူ့ ရင်ပြင် အပါအဝင် ရန်ကုန်မြို့က တခြား LEDဘုတ်တွေ မှာပါ တိုက်ရိုက်ပြသ နိုင်ဖို့ ဆွေးနွေး ဆောင်ရွက်နေပါ တယ်” ဟုပြောပြသည်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ နာယကကြီး ဦးနှင်းမိုး ကလည်း ယခုကဲ့သို့ LED ဘုတ် များတွင် ပြသနိုင်ရန် စီစဉ် ဆောင်ရွက်နေ ရခြင်းသည် ယခုနှစ် ပြည်သူများကို လက်မှတ် ရောင်း ချ နိုင်ခြင်း မရှိသော်လည်း ပြည်သူများ အနေဖြင့် ရောက် ရှိနေ သည့် အပန်း ဖြေ နေရာများမှ တိုက်ရိုက် ကြည့်ရှု ခွင့် ရနိုင်စေရန် အတွက်စီစဉ်ဆောင် ရွက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောသည်။
၂ဝ၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆု အကယ်ဒမီပေးပွဲ ကြီးကို လာမည့် ဒီဇင်ဘာ ၂၇ ရက် နေ့တွင် ရန်ကုန်မြို့၊ မြေနီကုန်းရှိ MEP (Myanmar Event Park) ဝင်းအတွင်း ၌ ကြီးကျယ် ခမ်းနား စွာ ဖြင့် ပြုလုပ်မည်ဖြစ်သည်။
popular jounral

မှတ်ချက်များ