Miss Heritage International 2014 အလှမယ်ဆု မြန်မာရရှိ
နိုဝင်ဘာလ ၂၄ ရက်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့အထိ နီပေါနိုင်ငံမှာ ကျင်းပနေတဲ့ Miss Heritage International 2014 အလှမယ် ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် လှယဉ်ကျေးက အလှမယ် သရဖူဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ တာပါ။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် အလှတရားတွေ၊ ကမ္ဘာလှည့် ခရီးသွားလာရေး၊ စတာတွေကို ဖော်ကျုးပြသဖို့ ဆိုတဲ့ ရည် ရွယ်ချက်နဲ့ Miss Heritage International အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြတာပါ။
နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ်လေးတွေဟာ သူတို့နိုင်ငံအသီးသီးက ယဉ်ကျေးမှုအလှအပတွေနဲ့ သက် ဆိုင်တာတွေကို ခန့်ညားထည်ဝါစွာဝတ်ဆင်ပြီး ပြသရတဲ့ ပွဲတပွဲလည်းဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ Miss Heritage International 2014 အဖြစ် Miss Myanmar လှယဉ်ကျေး၊ 1st Runner up ဆုနဲ့ အကောင်ဆုံး ညနေခင်းဝတ်စုံ၊ အကောင်းဆုံး အမျိုးသားဝတ်စုံဆုတို့ကို Miss Thailand၊ 2nd Runner up ဆုကို Miss India 3rd Runner Up ဆုနဲ့ Miss Heritage International Peace Ambassador ဆုကို Miss Sierra Leone၊ 4th Runner Up ဆုနဲ့ Miss Heritage International Asia ဆုကိုတော့ Miss Singapore တို့က အသီးသီး ရခဲ့ပါတယ်။
ဧရာဝတီ

မှတ်ချက်များ