![]() |
| ဂြိုဟ်တုမှ ရိုက်ကူးထားသော မုန်တိုင်းဟာဂူပစ်၏ပုံ Photo - ITV |
နေကြောင်း သိရသည်။
ဟာဂူပစ် တိုင်ဖွန်းကြီးသည် ပစိဖိတ် သမုဒ္ဒရာထဲတွင် အရှိန်ယူ ရွေ့လျားရင်း ဖိလစ်ပိုင် အရှေ့ဘက် ကမ်းခြေသို့ ဦးတည်လာနေရာ ဒီဇင်ဘာ (၇)ရက် နံနက်ပိုင်းတွင် ကုန်းတွင်းဝင်ရောက်ဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။
လက်ရှိ ဖိလစ်ပိုင် နိုင်ငံတွင် လူပေါင်း ခြောက်သိန်းကျော်ကို လေဘေးသင့်နိုင်သည့် ဧရိယာများမှ ရွှေ့
ပြောင်းပေးနေရာ စစ်ဒဏ်ကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းမှုများအနက် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး အခြေအနေတစ်ခု ဖြစ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်သည် လွန်ခဲ့သော (၁၃)လခန့်က ဟိုင်ယန် (Haiyan)၏ဒဏ်ကို အလူးအလဲ ခံစားဖူးပြီး ထိုစဉ်က လူပေါင်း(၇၀၀၀)ကျော် သေကြေပျက်စီးခဲ့ရာ ယခုတစ်ကြိမ် မုန်တိုင်းအတွက်လည်း အလေးထား ပြင်ဆင်မှု များ ပြုလုပ်နေခြင်း ဖြစ်သည်။
ဟာဂူပစ်၏ လက်ရှိ လေတိုက်နှုန်းသည် တစ်နာရီ ကီလိုမီတာ (၂၃၀)မျှ ရှိနေပြီး ဖိလစ်ပိုင် အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ဘိုရွန်ဂန်ဘက်သို့ ဦးတည်နေကြောင်း မိုးလေဝသ ဌာနက ဖော်ပြခဲ့သည်။
ဟာဂူပစ်၏ အရှိန်အဟုန်ကို စူပါတိုင်ဖွန်းမှ တိုင်ဖွန်းအဆင့်သို့ လျှော့ချသတ်မှတ်လိုက်သည့်တိုင် ပြင်း ထန်ဆိုးရွားသည့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်နိုင်ဆဲဟု အာဏာပိုင်များက သတိပေးထားသည်။
မြေနိမ့်ဧရိယာများ၊ ရေလွှမ်းမိုးနိုင်သော နေရာများတွင် နေထိုင်သူ (၆၁၆၀၀၀)ကျော်ကို ကျောင်းများ၊ မြို့တော်ခန်းမများ၊ အားကစားရုံများ၊ ဘုရားကျောင်းများ အပါအဝင် လေဒဏ်ကို ကြံ့ကြံ့ခံနိုင်မည့် အဆောက်အအုံများထဲ ရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံထိန်းချုပ်ရေး အေဂျင်စီက ပြောကြားထားသည်။
“မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရွှေ့ပြောင်းဖို့ အလေးအနက် တိုက်တွန်း ထားပါတယ်။ မုန်တိုင်းရဲ့ အရှိန်အဟုန်က အရမ်းကို ပြင်းထန် ကြီးမားမယ်လို့ ခန့်မှန်းထားတာကြောင့်ပါ” ဟု ဘီလီရန်ကျွန်း၏ အုပ်ချုပ်ရေးမှူး ဆော့ဖရိုနီယို ဒါဆိုင်လိုက ပြောကြားခဲ့သည်။
မုန်တိုင်းဝင်ရောက်နိုင်ဖွယ် ရှိနေသည့် အရှေ့ဆာမား အရပ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မုန်တိုင်း၏ အရိပ်အယောင်များကို ဒီဇင်ဘာ (၆)ရက် နံနက်ပိုင်းကတည်းက သိသိသာသာ စတင်ခံစားနေရပြီဟု သိရ သည်။
“တိုင်ဖွန်း ဟာဂူပစ်ကြောင့် ရွှေ့ပြောင်းပေးရတဲ့ အတိုင်းအတာဟာ ငြိမ်းချမ်းနေတဲ့ (စစ်ဖြစ်မနေသည့်) ကာလတစ်ခုမှာ အကြီးကျယ်ဆုံး ကြုံဖူးတာပါပဲ”ဟု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံထိန်းချုပ်ရေး အေ ဂျင်စီ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒင်းနစ် မက္ကလင်းက မှတ်ချက်ပြုခဲ့သည်။
ဖိလစ်ပိုင် လေကြောင်းနှင့် ဆီဘူပစိဖိတ် လေကြောင်းလိုင်းတို့သည် နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းသို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ် (၁၀၀)ကျော်ကို ဖျက်သိမ်းခဲ့သည်။
“ကျွန်မတော့ ကြောက်လည်းကြောက်တယ်။ ပြီးတော့ အရမ်းစိုးရိမ်နေတယ်”ဟု အရှေ့ဆာမားတွင် နေ ထိုင်သည့် အိမ်ရှင်မ တစ်ဦးဖြစ်သော အသက်(၅၈)နှစ်အရွယ်ရှိ တီရီဆီတာ ဘေဟန်က ဆိုသည်။ “ကျွန်မတို့ အတတ်နိုင်ဆုံး ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်နေတုန်းပဲ။ ဟိုင်ယန်မုန်တိုင်း တိုက်တုန်းကတည်းက အိမ်ကို ဖြည်းဖြည်းချင်း ပြန်ပြင်ဆောက်နေတာ အခုထိ မပြီးသေးဘူး။ အခုနောက် ထပ် မုန်တိုင်းတစ်ခု လာပြန်ပြီ”ဟုလည်း သူမက ညည်းညူခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က တိုက်ခတ်ခဲ့သည့် ဟိုင်ယန်မုန်တိုင်းကြီးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည့် ဆာမားနှင့် လေတီဒေသခံ (၂၅၀၀၀)ခန့်သည် လက်ရှိအချိန်ထိ ယာယီ ရွက်ဖျင်တဲငယ်များဖြင့် နေ ထိုင်နေရဆဲ ဖြစ်သည်။
7day

မှတ်ချက်များ