အငှားယာဉ် တိမ်းမှောက်သဖြင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူ ဒဏ်ရာရ


၂၄.၁.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန် ထန်းတပင်မြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်း အတိုင်း ညောင်တုန်းဘက်မှ ထန်းတပင်ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ကိုဝင်းနိုင်(၄၃)နှစ် မောင်းနှင် လာ
သော DD ---- ကယ်ရီနားဗင် အငှားယာဉ်သည် ပန်တိုင်တံတားအနီး၊ မိုင်တိုင်(၁၇)အရောက်တွင် အရှိန် လွန်ကာ ယာဘက်လမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွား ခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုဝင်းနိုင်မှာ ရင်ဘတ်ဖူးရောင်၊ ယာနံစောင်းပွန်း၊ နှာခေါင်း နှင့်ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါသူ အမျိုးသားတစ်ဦးတွင် ဖူးရောင်ပွန်းပဲ့ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံ တွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင့်သူ ယာဉ်မောင်း ကိုဝင်းနိုင်(သေဆုံး)အား တက်သစ်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရ ရှိပါသည်။

Yangon Police

မှတ်ချက်များ