![]() |
| ပါရီမြို့အရှေ့ပိုင်းရှိ ဈေးဆိုင်တွင် ဓားစာခံများ ဖမ်းဆီးထားသော အကြမ်းဖက်သမားနှစ်ဦးကို ရဲတပ်ဖွဲ့က ဝိုင်းထားရာ အကြမ်းဖက်သမားက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်စဉ် (GABRIELLE CHATELAIN/AFP) |

![]() |
| အသေဖမ်းမိသော အကြမ်းဖက်သမားသုံးဦးနှင့် လွတ်မြောက်နေဆဲ အကြမ်းဖက်သမားအမျိုးသမီး |
ချာလီမဂ္ဂဇင်းတိုက်ကို ဝင် ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်သမားနှစ်ဦးနှင့် ဈေးဆိုင်တွင် ဓားစာခံများ ဖမ်းဆီးထားသော အကြမ်းဖက်သမားတစ်ဦးကို ပြင် သစ်အထူးရဲတပ်ဖွဲ့က တစ်ချိန် တည်းမှာပင် ပစ်ခတ်၍ အသေ ဖမ်းဆီးနိုင်ခဲ့သည်။
မဂ္ဂဇင်းတိုက်ကို ဝင်ရောက် တိုက်ခိုက်မှုအတွက် အဓိက သံ သယရှိသော ချာရစ်နှင့် ဆိုက်ကူအာချီ ညီအစ် ကိုနှစ်ဦးကို ၎င်းတို့ ပုန်းခိုနေသော ပုံနှိပ်တိုက်တွင် အထူးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ပြီး တစ်ချိန်တည်းမှာ ပင် ဈေး ဆိုင်တွင် ဓားစာခံများ ဖမ်းဆီးထားသော အကြမ်းဖက်သမား အမျိုးသားတစ်ဦးကိုလည်း ရဲတပ် ဖွဲ့က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသော ဓားစာခံများမှာလည်း အန္တရာယ် ကင်းသွား ပြီဖြစ်ကြောင်း မြို့တော် ဝန်က ကြေညာသည်။
သို့သော် ယခုသတင်းရေးနေချိန် မြန်မာစံတော်ချိန် ဇန်နဝါ ရီ ၉ ရက် ည ၁၁ နာရီ ၄၀ မိနစ် အချိန်ထိ အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိသော အမျိုးသမီးတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေ ဆဲဖြစ်သည်။
ဈေးဆိုင်တွင် အကြမ်းဖက်သမားကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ချာလီမဂ္ဂဇင်းတိုက်ကို ဝင်ရောက်အကြမ်းဖက် သတ်ဖြတ်ခဲ့ သူနှစ်ဦးရှိသည်ဟု ယူဆသော ပါရီမြို့မြောက် ပိုင်းရှိ ပုံနှိပ်စက်အဆောက်အအုံတစ်ခုကို ပြင်သစ်ရဲများက ဝိုင်းထားချိန်တွင် ပါရီမြို့အရှေ့ပိုင်းရှိ ဈေးဆိုင် တစ်ဆိုင် တွင်လည်း အကြမ်းဖက်သမားအချို့က ပစ်ခတ်မှုနှင့် ဓားစာခံအချို့ ဖမ်းဆီးထားမှု ထပ်မံဖြစ်ပေါ် ခဲ့ ခြင်းဖြစ်သည်။
ဇန်နဝါရီ ၈ ရက် (ဒုတိယနေ့)က ပါရီမြို့ တောင်ပိုင်းပစ်ခတ်မှု တွင် အလိုရှိသူနှစ်ဦးအနက် အသက်(၃၂)နှစ် အရွယ် အာမေဒီကူလ်ဘာလီက ကိုရှာဈေးဆိုင် အတွင်း လူခြောက်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်း
ဖြစ်သည်။
ဇန်နဝါရီ ၇ ရက်က ပြင်သစ်မဂ္ဂဇင်းတိုက်သို့ ဝင်ရောက်ပြီး လူ ၁၂ ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည့် ချာရစ်(၃၂)နှစ်နှင့် ဆိုက်ကူအာချီ (၃၄)နှစ် ညီအစ်ကို လက်နက်ကိုင်နှစ်ဦး အတွင်းတွင် ရှိနေသည်ဟု ယုံကြည်ရသည့် ပါရီမြို့ ၏ အရှေ့မြောက်ဘက် ၂၅ မိုင် အကွာရှိ ဒင်မာတင်အန်ဂိုးလ်မြို့ ၏ ပုံနှိပ်စက်အ
ဆောက်အအုံကို ရဲများက ဇန်နဝါရီ ၉ ရက်က အချိန်အတော်ကြာ ဝိုင်းထားပြီးမှ အသေပစ်ခတ် ဖမ်းဆီးခဲ့
ခြင်းလည်း ဖြစ်သည်။
ချာလီမဂ္ဂဇင်းတိုက် သတ် ဖြတ်မှုအပြီး ပါရီနှင့်အနီးတစ်ဝိုက်တွင် အမြင့်ဆုံးအဆင့် တပ်လှန့်ထားခဲ့သလို ရဲအာဏာပိုင်များက ညဘက်မြင်ကွင်းများ ကြည့်ရှုနိုင်သည့် ရဟတ်ယာဉ်များဖြင့် ပျံဝဲရှာဖွေခဲ့ကြသည်။
မြို့တွင်း ပိုက်စိပ်တိုက်ရှာဖွေနေခဲ့သလို သစ်တောထူထပ်ရာ နေရာများတွင်လည်း တောနင်း ရှာဖွေခဲ့သဖြင့် ၎င်းတို့က မြို့တွင်း သို့ ပြန်လည်ဝင်ရောက်လာကြ ခြင်းဖြစ်သည်။
အကြမ်းဖက်သမားနှစ်ဦးက ညှိနှိုင်းမှုများကို လက်မခံဘဲ သူတို့သည် အာဇာနည် သူရဲကောင်း များကဲ့ သို့ သေလိုသည်ဟု ဖုန်းမှ တစ်ဆင့် ပြောဆိုကြောင်း ပြင်သစ်ပါလီမန်မှ ယူစ်အာဘာရဲလိုက ပြင်သစ်တီဗီ သတင်းကို ပြောဆိုသည်။
ဆိုက်ကူအာချီက ယီမင်သို့ သွားရောက်ခဲ့ဖူးပြီး အယ်လ်ကိုင်ဒါ လက်နက်သင်တန်းကို တက်ရောက်ခဲ့
ကြောင်း သတင်းများက ဖော်ပြသည်။
ညီအငယ် ချာရစ်သည် အီ ရတ်စစ်ပွဲတွင် ပါဝင်ရန်အတွက် ပါရီမြို့တွင် လူစုဆောင်းမှုဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ဖူးသူဖြစ်သည်။
ကြာသပတေးနေ့က အိုင် အက်စ် ရေဒီယိုက ယင်းလက်နက် ကိုင်များကို ချီးကျူးပြောဆိုလိုက် သော်လည်း ၎င်းတို့နှင့် ဆက်နွှယ် မှု ရှိ၊ မရှိ ပြောဆိုသွားခြင်းမရှိပေ။
မဂ္ဂဇင်းတိုက် အကြမ်းဖက် သူနှစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းနေချိန်တွင် ပြင်သစ်ရဲများက နောက်ထပ် အကြမ်းဖက်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။
ထိုပစ်ခတ်မှုတွင် ပါရီမြို့ တောင်ပိုင်း မွန်ထရော့မြို့တွင် ဇန်နဝါရီ ၈ ရက်က ဖြစ်ပွားခဲ့ပြီး ရဲမေတစ်ဦး သေ ဆုံးခဲ့ကာ တရားခံဟု ယုံကြည်ယူဆထားသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားနှင့် အမျိုးသမီးတို့၏ ဓာတ်ပုံများကို အမည်နှင့်အတူ ထုတ်ပြန်ခဲ့သည်။ ယခုအခါ အမျိုးသမီးတစ်ဦးသာ လွတ်မြောက်နေဆဲဖြစ် သည်။
7day


မှတ်ချက်များ