ဖိုက်ဘာ နက်ဝေါ့ခ်တည်ဆောက်ခြင်း၊ ဂြိုဟ်တုနှင့် ပတ်သက်သည့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်မည်


ပြည်တွင်း၌ ဖိုက်ဘာနက်ဝေါ့ခ်တည်ဆောက်ခြင်း၊ ဂြိုဟ်တုနှင့်ပတ်သက်သည့် ဝန်ဆောင် မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး ကွန်ရက်အများပိုင် ကုမ္ပဏီ လီမိတက် (Myanmar Telecommunication Network - MTN )မှသိရသည်။

ဆက်သွယ်ရေးအခြေခံအ ဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရည်ရွယ်ပြီးဖိုက်ဘာနက်ဝေါ့ခ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနကို လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်လျှောက်သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီလီမိတက် (MTN) မှ အမှုဆောင်ဒါရိုက်တာဦးတင်ဝင်း
အောင်က ''ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိလာပြီဖြစ်တဲ့အတွက် မြန်မာ တယ်လီကွန်းနက်ဝေါ့ခ် အနေနဲ့လိုင် စင်လျှောက်သွားမယ်။ တယ်လီကွန်း နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံး လုပ်နိုင်တဲ့ လိုင်စင်ဖြစ်ပါတယ်။ သက် ဆိုင်ရာဝန်ကြီးဌာနဘက်ကလဲ လျှောက် လာတဲ့လိုင်စင်တွေကိုအချက်အ လက် ပြည့်စုံရင် မြန်မြန်ချပေးမယ်လို့သိ ရပါတယ်''ဟုပြောသည်။

အဆိုပါအများပိုင်ကုမ္ပဏီလီမိ တက်အနေဖြင့် MPT နှင့် KDDI တို့ပူးပေါင်း လုပ်ကိုင်သည့်လုပ်ငန်း များမှ KDDI ၏ ဖိုက်ဘာနက်ဝေါ့ခ် သွယ်တန်းသည့် လုပ်ငန်းကို လုပ်ကိုင် ခွင့်ရရှိခဲ့ပြီး ယင်းလုပ်ငန်းက စတင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အိုင်တီကျွမ်းကျင်သူ ဦးဇေယျ က''အခုက ဆက်သွယ်ရေးနဲ့ပတ်သက် ပြီး လိုင်းတွေတော့ ချပါတယ်။ အဓိ ကလိုအပ်ချက်က အခြေခံအဆောက် အအုံပြည့်စုံဖို့ လိုအပ်တာပါ။ ဒါမှအ ရည်အသွေးကောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်မှာပါ''ဟုပြောသည်။

လက်ရှိတွင်ပြည်တွင်း တယ်လီ ကွန်းကဏ္ဍ၌ ပံ့ပိုးလုပ်ကိုင်နိုင်ဖို့အ တွက် အများပိုင်ကုမ္ပဏီလီမိတက် အဖြစ်တည်ထောင်ထားခြင်း ဖြစ် ကြောင်း အဆိုပါအများပိုင်ကုမ္ပဏီ လီမိတက်အား ၂ဝ၁၂ခုနှစ်အောက် တိုဘာ၂၄ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ