ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်

၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲ ဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့ ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန်၊ဥပဒေပုဒ်မ-၃၂၆ အရ အလုပ် ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ ထောင်ဒဏ်(၂)နှစ်ကျခံစေရန် တောင်ငူခရိုင်ဒုတိ ယခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို ပြောကြား ပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို (၇)ရက်အတွင်း အတည်
ပြုမိန့် တောင်းခံရန် တင်ပြသွားဖို့ ရှိပြီး သေဒဏ်အမိန့်ချမှတ်ခံရသူ စောထွန်းထွန်းအနေနဲ့ လည်း (၇)ရက် အတွင်း အယူခံနိုင်ကြောင်း သိရှိရပါတယ်။

စောထွန်းထွန်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ကလည်း ဒုခရိုင် တရားရုံး (၂)ကနေ ၁၉၈၀ခုနှစ် ပေါက် ကွဲစေတတ်သောအက်ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့ပါသေးတယ်။

DVB

မှတ်ချက်များ