နှစ်သစ်ကနေစပြီး မပေါင်းသင့်သောလူ ၁၀ မျိုး

လူမှုရေး ပေါင်းသင်းဆက်ဆံရေးဆိုတာ ကောင်းသောအချိန်ရှိသလို၊ မကောင်းသောအချိန်၊ ဖြေရှင်းရ ခက်သောအချိန်ဆိုတာလည်း ရှိပါတယ်။ ဒီအရှုပ်အရှင်းထဲကနေတတ်နိုင်သလောက်ဘေးမဖြစ်အောင်
နေတတ်ဖို့လိုအပ်ပါတယ်။

နှစ်သစ်မကူးခင်မှာ ကိုယ့်ရဲ့အခြေအနေကို ပြန်လည်သုံးသပ်ပြီး ပေါင်းသင်းဆက်ဆံရေးကို ဘယ်လို ပြုပြင်သင့်သလိုဆိုတာကို စဉ်းစားကြည့်ကြရအောင်နော်။

၀၁. အတူတူရှိရုံနဲ့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသူ

လူတွေအတွက် စိတ်ဖိစီးမူဆိုတာဟာ လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်သာရှိသင့်ပါတယ်။ ဒါပင်မဲ့ အတွင်းမှာက လိုအပ်သည်ထက်ပိုပြီး ကိုယ့်ကို အနိုင်ကျင့်နေသူနဲ့တော့ အတူတူရှိဖို့ မလိုပါ။

၀၂. စကားအပြောလေးနဲ့ လူတွေကို အသုံးချသူ

သင်အနားမှာ ကပ်ပါးကောင်လို အမြဲတမ်းကပ်နေပြီး ပါးစပ်ကလေးနဲ့အလုပ်လုပ်နေသောသူ ကို ရှောင်သင့်ပါတယ်။ သူကတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ဘာလုပ်ရလုပ်ရ လုပ်မဲ့သူပါ။
နောက်ဆုံးမှာတော့ ဒီလူတွေက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိသူတွေရဲ့ မုန်းတီးမူကို ခံရမှာပါ။

၀၃. ရိုသေလေးစားမူ မရှိသူ

လူ့လောကမှာ တစ်ယောက်နဲ့တစ်ယောက်လေးစားရိုသေမူကြောင့် အရာအားလုံးက အဆင်ပြေနေ တာပါ။ ကိုယ့်က အလေးပေးနေပင်မဲ့ သူက ရိုင်းပျနေရင်တော့ အဆက်ဖြတ်လိုက်ပါ။ အချိန်ကုန်ပါတယ်။

၀၄. စိတ်ထဲရှိရာကို ပြောနေသောသူ

သူ့စိတ်ထဲမှာတော့ ဘာမှမစဉ်းစားပဲ ပြောနေတဲ့အရာက တဖက်သားမှာတော့ နာကျည်းစရာ၊ စိတ်ခံစားရ မယ်ဆိုရင်တော့ ဒီလိုလူကိုလည်း ဝေးဝေးကနေရှောင်ပါ။

၀၅. လိမ်ပြောသောသူ


လူဖြစ်လာရင် အခြေအနေနဲ့ အချိန်အခါအရ လိမ်ပြောရသောအခါမျိုးလည်းရှိကောင်းရှိပါလိမ့်မယ်။ ဒါပင်မဲ့ အလုပ်သဘောအရ လူမှုရေးအရ ပေါင်းသင်းနေတဲ့သူက အမြဲတမ်း လိမ်ညာပြောနေရင်တော့ ဒီလူနဲ့ ဆက် လက်ပေါင်းသင်းရန် မသင့်တော်ပါ။

၀၆. ရှေ့တစ်မျိုး၊ နောက်တစ်မျိုး လုပ်သောသူ


သင့်ရှေ့မှာတော့ ချိုချိုသာသာ ဆက်ဆံပြီး သင့်နောက်ကွယ်မှာတော့ ရိုင်းပျစွာ သူတပါးကို ဆက်ဆံနေရင်
တော့ ဒီလူကို သတိထားပါ။ ဒီလိုလူမျိုးကတော့ ကိုယ့်ရဲ့အကျိုးကိုရှေ့တန်းထားပြီး စဉ်းစားဆုံးဖြတ်တတ်တဲ့ သူ ဖြစ်တာကြောင့် မပြောင်းသင့်ပါ။

၀၇. ပါးပါးလေးသာ ပေါင်းသောသူ

အတူတူရှိနေချိန်မှာတော့ သူငယ်ချင်းလို့ထင်ရပင်မဲ့ တကယ်တည်း အခက်အခဲတွေနဲ့ကြုံလာရရင်တော့ တိုင်ပင်ဖော်မရပဲ မသိသလိုနေတတ်သောသူကိုတော့ မြန်မြန်သာ ဖြတ်လိုက်ပါ။

၀၈. ချီးခြောက်ရေနေူးနေသောသူ

လူ့ဘဝ ခဏတာမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်ပါတယ်။ ပြဿနာတွေကို ကျော်ဖြတ်ပြီး အောင်မြင်အောင် လုပ်ကြရတာပါ။ အတိတ်ကအကြောင်းတွေကို အကြိမ်ကြိမ် ဓါတ်ပြားဟောင်းကြီးဖွင့်နေသောသူဟာ ဘဝမှာလည်း တိုးတက်ရန် မျှော်လင့်ချက်မရှိတော့ပါ။ ဒီလိုလူမျိုးကိုလည်း ဝေးဝေးကသာ ရှောင်ပါ။

၀၉. လိုသည်ထက်ပိုကောင်းသောသူ

သူတပါးကို ကူညီသောသူဆိုတာ သူတပါးရဲ့ လိုအပ်ချက်အပေါ်တွင် ချင့်ချိန်၍ ကူညီမှာသာလျှင် ကူညီရာ
ရောက်ပါလိမ့်မယ်။ လိုသည်ထက်ပိုပြီး အခြားသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်နေသောသူကိုလည်း ရှောင် ပါ။

၁၀. မကောင်းပြောပြီး တားသောသူ


ဘဝမှာ အရေးကြီးသော ဆုံးဖြတ်ချက်တွေကို ချရတော့မဲ့အချိန်မှာ အားပေးအားမြောက်မဟုတ်ပဲ မကောင်းသောဘက်မှ မလုပ်ရန်တားဆီးသောသူကိုလည်း အဆက်ဖြတ်ပါ။ ဘဝအတွက် တန်ဖိုးမရှိပါ။

ပေါင်းသင်းဆက်ဆံရေးဆိုတာဟာ ချက်ချင်းဖျက်ဖြောက်ရန် မလွယ်ပါ။ ချင့်ချိန်ဆုံးဖြတ်ပြီး ဖြေးဖြေးသာ
ပြောင်းလဲယူပါ။ ၂၀၁၅ မှာ စိတ်သစ်လူသစ်ဖြင့် လိုအပ်ဆန္ဒတွေနဲ့ ပြည့်ဝပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Chelmo Team

မှတ်ချက်များ