မက္ကဆီကိုကျောင်းသားများ ပျောက်ဆုံးမှုဖြင့် မြို့တော်ဝန်ဟောင်း၏ဇနီး ထောင်ချခံရ

ဇနီးဖြစ်သူ မာရီယာဒီ လော့စ်အန်ဂျလိစ်ပင်နီဒါကို အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းအတွက် အချိန်အကန့်အ သတ်မရှိ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မက္ကဆီ ကိုအစိုးရရှေ့နေများက ဇန်န၀ါရီ ၅ ရက်တွင် ပြော သည်။

အီဂွါလာမြို့တော်ဝန် ဟောင်း၏ ဇနီး ပင်နီဒါသည် ကျောင်းသား ၄၃ ဦး ပျောက်ဆုံး မှု၌ ကြိုးကိုင်ခြယ်လှယ် သူအဖြစ် သံသယရှိခြင်းခံရပြီး ယာယီဖမ်း ဆီးထိန်းသိမ်းခံခဲ့ရသည်။

ပင်နီဒါသည် အုပ်စုဖွဲ့ပြစ်မှု ကျူးလွန်ခြင်းနှင့် တရားမ၀င် ရန်ပုံငွေများဖြင့် လုပ်ငန်းလည်ပတ် ခြင်းတို့ကိုပြု လုပ်ခဲ့သည်ဟု သံသယရှိ၍ တရားရုံးတွင် အမှုရင် ဆိုင်ခြင်းမတိုင်မီ ထိန်းသိမ်းထား ၍ တရားသူကြီးတစ် ဦးက အမိန့် စာတစ်စောင် ထုတ်ပြန်ခဲ့သည်ဟု မက္ကဆီကို အစိုးရရှေ့နေများရုံး၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေး
ရေးအဖွဲ့ခေါင်းဆောင် တွမ်မက်စ်ဇီရွန် က ပြောသည်။

ပင်နီဒါနှင့် ၎င်း၏ ခင်ပွန်း တို့သည် ပြီးခဲ့သည့် စက်တင်ဘာ တွင် အီဂွါလာမြို့၌ ဆန္ဒပြပွဲလာ ရောက်ပြုလုပ် သည့် ဆရာအတတ်သင် တက္ကသိုလ်ကျောင်းသား များ ပြန်ပေးဆွဲခံရမှုတွင် ကြိုးကိုင် ခြယ်လှယ်သူများ အဖြစ် သံသယ ရှိခံထားရသည်။

အီဂွါလာမြို့တော်ဝန် ဟောင်း ဟိုဆေးလူးဝစ်အက်ဘာ ကာသည် ဇနီးဖြစ်သူ ပင်နီဒါ ဦးဆောင်ပြုလုပ်သည့် အခမ်းအနားပွဲတစ်ခုသို့ ဆန္ဒပြကျောင်း သားများ လာရောက်မနှောင့် ယှက်စေရန် ယင်းကျောင်းသား များ ကို ဖြိုခွင်းရန် မြို့တော်ရဲတပ် ဖွဲ့ကို အမိန့်ပေးခဲ့သည်ဟု စုံစမ်း စစ်ဆေးစဉ်အတွင်း လူအချို့က ၀န်ခံထား သည်။

အီဂွါလာမြို့မှ အပြန်လမ်းခရီးတွင် ပျောက်သွားခဲ့သော ကျောင်းသား ၄၃ ဦးစလုံး သေဆုံး သွားပြီဟု ယူဆရသည်။

7day

မှတ်ချက်များ