ပြိုင်ဘက်မရှိသဖြင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် လူမင်းပြန်အရွေးခံရ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်
ခြင်းကို ယနေ့ (ဇန်န၀ါရီ ၂၇ ရက်) နံနက်တွင် ပြုလုပ်ခဲ့ ရာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက်လက်ရှိဥက္ကဋ္ဌ ဦးလူမင်းကပင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

‘‘ဥက္ကဋ္ဌနေရာကို ကျန်တဲ့လူတွေက ၀င်မပြိုင်ပါဘူး။ ဦးလူ မင်းတစ်ယောက်ပဲ ၀င်ပြိုင်တာဖြစ်လို့ ပြိုင်ဘက်မရှိ ပါဘူး။ ကျန်တဲ့နေရာတွေအတွက်ကတော့ နှစ်ယောက်၊ သုံး
ယောက်ရှိရင် မဲနဲ့ ရွေးတယ်’’ဟု ရွေးကောက် ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောသည်။

ကနဦးတွင် ဥက္ကဋ္ဌရာထူးအတွက် ပြန်လည်ယှဉ်ပြိုင်တော့ မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်းရွေးကောက် ပွဲကို စိတ်ဝင်စားသူနည်းသောကြောင့် ဆုံးဖြတ်ချက်ပြင် လိုက်ကြောင်း လူမင်းက ပြောကြားခဲ့သည်။

ဒုဥက္ကဋ္ဌရာထူးတွင် ဦးအေးကြူလေးက ဒုဥက္ကဋ္ဌက ၁၊ ဦးဇော်မင်းက ဒုဥက္ကဋ္ဌ ၂ အဖြစ် ရွေးချယ်ခံခဲ့ရပြီး အတွင်းရေးမှူး ရာထူးအတွက် ဦးကိုကိုတင်က ရွေးချယ်ခံခဲ့ရသည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ