မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃လမ်းတွင် လူသတ်မှုဖြစ်ပွား


ဇန်န၀ါရီ ၃ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်း တိုက်အမှတ် ၂၄ တတိ ယထပ်(၄လွှာ)၌ လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အသတ်ခံရသူမှာ အသက် ၇၁နှစ် ရှိ ဒေါ်အမာဗီယာ ဖြစ်ပြီး ၎င်း၏သားသမီးများမှာ မလေးရှားနိုင်ငံတွင် နေထိုင်နေသူများ ဖြစ်ကြောင်း သိရ သည်။

“မနေ့က မလေးရှားကလွှဲလိုက်တဲ့ သိန်း ၅၀တော့ ပါမသွားဘူး၊ ရွှေ ၂ကျပ်ခွဲသားလောက် ပါသွားတယ်၊ ညနေ ၄နာရီမှာ ဖလားသွားပို့တော့မှ သေနေတာကို သိတာ၊ ဘယ်အချိန်က သတ်သွားမှန်းတော့ မသိဘူး၊ မနေ့ကမှ သူ့သားတယောက် နိုင်ငံခြားက ပြန်ရောက်တယ်၊ ငွေမပေးလို့ သတ်တာလို့ထင်တာပဲ၊ ဓါတ် သိတွေထဲကလား မသိဘူး၊ CID တော့ ရောက်မလာသေးဘူး”ဟု သေဆုံးသူ၏ တူမဖြစ်သူ မသီတာက News Watch သို့ ပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ရဲမှူးဦးသိန်းအောင် က “လောလောဆယ် ဘာသတင်းမှထုတ်ပြန်လို့ မရသေး ဘူး၊ CID က သတင်းထုတ်ပြန်ဖို့ရှိပါတယ်”ဟု ပြောသည်။

“ဓါတ်သိထဲက ဖြစ်နိုင်တယ်၊ အဖွားကြီးကို အအော်နိုင်အောင် လည်ပင်းကို ပုဆိုးနဲ့ ညစ်ထားတယ်”ဟု ရပ် ကွက်နေ ပြည်သူတဦးက ထင်မြင်ချက်ပေးသည်။

သဒ္ဒါထက်အိုင်(လှည်းတန်း) | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ