ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်း၍ လေယာဉ်ဆီဈေးကျ


ကမ္ဘာ့ရေနံဈေး ဆက် တိုက်ကျဆင်းမှုကြောင့် လေယာဉ်ဆီတစ်ဂါလန်လျှင် ကျပ် ၂,၀၀၀ ကျော်ဖြင့် ဇန်နဝါရီ အတွင်း ဈေး ချရောင်းချမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ လေယာဉ်ဆီ သယ်ယူပို့ဆောင် ရောင်းချခွင့်ကို စွမ်းအင်ဝန်ကြီး ဌာနတစ်ခုတည်း က ဦးစီးလုပ် ကိုင်နေပြီး ကမ္ဘာ့ရေနံဈေးဆက် တိုက် ကျဆင်းမှုကြောင့် လေ ယာဉ်ဆီ တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ ကျော်လာခြင်းဖြစ်သည်။

လေယာဉ်ဆီဈေးသည် ပြီး ခဲ့သည့်နှစ်စက်တင်ဘာမှစတင်၍ တဖြည်းဖြည်းကျဆင်းခဲ့ရာ ယခု လသည်
 လေယာဉ်ဆီစံချိန်တင် ကျဆင်းခြင်း ဖြစ်သည်ဟု လေ ယာဉ်ဆီ ဝယ်ယူသူများက ပြော ကြားသည်။

လေယာဉ်ဆီဈေး လေးလ ကျော်ဆက်တိုက်ကျဆင်းခဲ့သော် လည်း လေယာဉ်လက်မှတ်မှာ ဈေးကျဆင်း လာခြင်းမရှိဟု သိရသည်။

နိုင်ငံတကာလေယာဉ်ဆိုက် ကပ်သည့် လေဆိပ်များအတွင်း လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့် ကို အစိုးရက ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ပြင်ဆင် လျက်ရှိပြီး နေပြည်တော် လေ ဆိပ်တွင် လေယာဉ်ဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းကို အေးရှားဝေါကုမ္ပဏီလက်ခွဲဖြစ် သည့် ပိုင်အိုးနီးယား အေရိုဒုန်း ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထား သည်။

လေယာဉ်အများဆုံး ဆိုက် ရောက်သည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ လေယာဉ်ဆီ ဖြန့်ဖြူး
ရောင်းချခြင်းကို Puma Energy Group Pte ကုမ္ပဏီက ၂၀၁၄ နှစ်ကုန်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

အိဖြူမွန် | 7day



မှတ်ချက်များ