မြောက်ကိုရီးယားကို အကောင်းမြင်ရေးသားသည့် အမျိုးသမီး တောင်ကိုရီးယား ပြည်နှင်ဒဏ်ပေး


မြောက်ကိုရီးယားနှင့် ပတ်သက်၍ အကောင်းမြင်ရေးသားမှု များ ပြုလုပ်ခဲ့သည့် ကိုရီးယား- အမေရိကန်နွယ် ဖွား အမျိုးသမီးတစ်ဦးသည် တောင်ကိုရီးယားအစိုးရ၏ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။

အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုးဖြစ်သည့် ရှင်အွန်းမီ (၅၄)နှစ်မှာ မြောက်ကိုရီးယားသို့သွားရောက် လည်ပတ်ခဲ့သည့် အကြောင်းကို Korean-American Ajumma Goes to North Korea ဟူသောအမည်
ဖြင့် စာအုပ်ထုတ်ဝေ ရေးသားခဲ့သည်။

ယင်းမှာ မြောက်ကိုရီးယားနိုင်ငံသို့ ခြောက်ကြိမ်မြောက်အ ဖြစ်သွားခဲ့သည့် ၎င်း၏ အတွေ့အကြုံများကို ရေး ထားသည့် ခရီးသွား စာအုပ်ဖြစ်သည်။

သို့သော် ၎င်း၏ရေးသားမှု များမှာ မြောက်ကိုရီးယား နိုင်ငံရေးသဘောတရားကို မြှင့်တင်ပေးသည့် အပြု အမူ၊ နိုင်ငံတော်ဆန့် ကျင်ရေးအပြုအမူဟုဆိုကာ တောင်ကိုရီးယားမှ နှင်ထုတ်ခံရ ခြင်းဖြစ်သည်။

မစ္စရှင်မှာ တောင်ကိုရီးယားနိုင်ငံတွင် မြောက်ကိုရီးယားကို ထောက်ခံသည့် ပါတီဖြစ်၍ ဖျက်သိမ်းခံထား ရသော ဒီမိုကရက် တစ် အလုပ်သမားပါတီမှ ပြောခွင့် ရပုဂ္ဂိုလ် ဟွမ်ဆွန်နှင့် ရိုက်ကူးခဲ့ သည့် ရုပ်သံစ ကား ဆွေးနွေးခန်း များအတွက်လည်း စုံစမ်းစစ်ဆေးခံခဲ့ရသည်။

‘‘ကျွန်မက ကိုရီးယား နှစ် နိုင်ငံ ယုံကြည်စိတ်ချစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သင့် တယ်လို့ ပြောခဲ့ပါ တယ်။ ဒီစကားက ကျွန်မတို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင် တယ်လို့ မထင်ပါဘူး’’ဟု ရှင်အွန်းမီက ဆိုသည်။

၎င်းက တောင်ကိုရီးယား အာဏာပိုင်များ၏ လုပ်ရပ်မှာ ခိုင်မာမှုမရှိသည့် လုပ်ရပ်သာဖြစ်ကြောင်းဆိုသည်။

တောင်ကိုရီးယား အာဏာပိုင်များသည် ၎င်းကို သောကြာနေ့နောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေး၍ နိုင်ငံ မှ နှင်ထုတ်ဖွယ်ရှိသည်။

7day


မှတ်ချက်များ