အစောင့်တပ်ကြပ်ကြီးကိုသတ်ကာ ထွက်ပြေးသွားသည့် အကျဉ်းသားများကို လေးဖက်လေးတန် ပိတ်ဆို့ရှာဖွေလျက်ရှိ


မန္တလေးမြို့၊ နန်းတွင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ်(၁) စစ်အကျဉ်းထောင်တွင် တာဝန်ကျ အစောင့် တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေး သွားသည့် တပ်မတော် အကျဉ်းသားများကို မြို့လေးဖက်လေးတန် ပိတ်ဆို့ရှာဖွေ လျက်ရှိကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ယခုလ ဇန်နဝါရီ၂၅ရက် မနက်နှစ်နာရီဝန်းကျင်တွင် တာဝန်ကျ တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေး သွား သည့်ဖြစ်စဉ် မှန်ကန်ပြီး ယင်းအကျဉ်းသားများကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း၊ ယခုထိ တစုံတရာ အ
ကြောင်းထူးခြားခြင်း မရှိသေးကြောင်း အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးက ယနေ့မနက် ဆယ် နာရီခွဲ အချိန်တွင် ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ယနေ့အချိန်ထိ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ သွားရောက်မေးမြန်းသည့် အခါတွင်လည်း ဖြေဆိုရန် ငြင်းဆန်ထားသည်။

စိုးကြီး၊ဘုန်းသျှံမင်း | The Union Daily

မှတ်ချက်များ