အဲအေရှလေယာဉ်တစ်စင်း ပျံတက်ရန် ကြိုးပမ်းစဉ် အင်ဂျင်စက် ရပ်သွားခဲ့
ဘန်ဒေါင်းမြို့သို့ပျံသန်းမည့် အဲအေရှလေယာဉ် တစ်စင်းသည် ဇန်နဝါရီ ၃ ရက်က ဆူရာဘာရာနိုင်ငံတ ကာ လေဆိပ်မှ ပျံတက်ရန် ကြိုးပမ်းစဉ် ရုတ်တရက် အင်ဂျင်စက်ရပ်သွားခဲ့သည့်အတွက် ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဒေသခံ သတင်းမီဒီယာများက တနင်္ဂနွေနေ့တွင် ရေးသား ဖော်ပြကြသည်။
လေယာဉ်ပျံတက်ရန်အတွက် မြေပြင်တွင်အရှိန်ယူ မောင်းနှင်နေစဉ် နှစ်မီတာ သုံးမီတာခန့် အရောက်တွင် အင်ဂျင်စက်ရပ်ကာ ထိုးရပ်သွားခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် ခရီးသည်များကို အောက် သို့ ပြန်ဆင်းစေခဲ့ရသည်။
ယင်းဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ပါခရီးသည် ၁၂ဝ တို့ တုန်လှုပ်ချောက်ချားသွားစေခဲ့သည်ဟု အင်ဒိုနီးရှား သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။
ခရီးသည်တစ်ဦးဖြစ်သည့် ယူဆက် ဖစ်ရီယာဒီက လေယာဉ်မောင်းဝတ်စုံဝတ်ဆင်ထားသော လူတစ်ဦးက
စောင့်ဆိုင်းနေသည့် ခရီးသည်များထံသို့လာရောက်ကာ စက်နှိုးသည့်ဒိုင်ခွက်တွင် ချွတ်ယွင်းချက်တစ်ခု ရှိနေသည်ဟု ရှင်းပြခဲ့ကြောင်း ပြောကြားသည်။ လေယာဉ်ကို ဆက်လက်ပျံသန်းရန် ကြေညာ နေသော် လည်း ခရီးသည် ၉ဝ ရာခိုင်နှုန်းက ယင်းလေယာဉ်ကို လိုက်ပါစီးနင်းရန် ငြင်းဆန်ခဲ့သည်။
လေကြောင်းလိုင်းတာဝန်ရှိသူများက အဆိုပါလေယာဉ်ဖြင့် ခရီးမသွားရန် ဆုံးဖြတ်လိုက်သည့် ခရီးသည်များ ကို ငွေပြန်ပေးခဲ့သည်ဟု ယူဆက်ဖစ်ရီယာဒီ ကပြောကြားသည်။
The Mirror Daily

မှတ်ချက်များ