စင်ကာပူကပြန်လာရင် အကယ်ဒမီအလှူလုပ်မယ့် အကယ်ဒမီ ဝတ်မှုံရွှေရည်


နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဆုကို ဆွတ်ခူးသွားတဲ့ ဝတ်မှုံရွှေရည်က အကယ်ဒမီ ဆုကိုရရှိခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်ခဲ့ပြီး ဝမ်းသာမျက်ရည်တွေလည်းကျခဲ့တာကိုလည်း
တွေ့ရပါတယ်။ အကယ်ဒမီဆုကို ပိုင်ဆိုင်ရပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်ရကြောင်းကို ဝတ်မှုံရွှေရည် က..

” အခုလို အကယ်ဒမီဆုရရှိတဲ့အတွက် တအားဝမ်းသာပါတယ်။ နင်စေရင်ဇာတ်ကားက ကစ်အတွက် အ မှတ်တရလည်း အများကြီးဖြစ်ပါတယ်။ ဒီလိုဇာတ်ရုပ် မျိုး နောက်တစ်ခါ ထပ်ရိုက်မယ်ဆိုရင်တောင် မရိုက် ရဲတော့ဘူး။ ကစ်ရိုက်တဲ့အချိန်မှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပါတယ်။ ကစ်ကြိုးစားခဲ့ တဲ့အ တွက်အခု လို အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ရတဲ့အတွက် ပျော်ပါတယ်။

ကစ်ကို ဒီဆုရဖို့ ဆုတောင်းပေးတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကစ်ရှေ့ဆက်ပြီး ဒီထက် ပိုပြီး ကြိုး စားသွားဦးမှာပါ” လို့ ပြောပါတယ်။ အကယ်ဒမီ ဝတ်မှုံ ရွှေရည်က အကယ်ဒမီအလှူ ပြုလုပ်ဖို့ရှိပြီး လတ်တလော စင်ကာပူမှာ Construction ကြော်ငြာကို ၆ ရက်ကြာ သွားရောက် ရိုက်ကူးဖို့ ရှိတာကြောင့် စင်ကာပူက ပြန်လာမှပဲ အ လှူအတန်းလုပ်ဖြစ်မှာ ဖြစ်သလို သူ့ရဲ့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်းပြောပါတယ်။

” ဇန်နဝါရီ ၂ ရက်နေ့ စင်ကာပူမှာ Construction ကြော်ငြာတစ်ခုသွားရိုက်မှာပါ။ ဟိုက ဒါရိုက်တာတွေ၊ ရိုက်ကူးရေးအဖွဲ့တွေနဲ့ ရိုက်မှာပါ။ ကြော်ငြာရိုက်ဖို့ ကစ်စီစဉ်ရ တာမရှိပါဘူး။ သူတို့ကပဲ အားလုံးစီစဉ်ထား တာဆိုတော့ လူပဲသွားရုံပါပဲ” လို့ပြောပါတယ်။ ၂ဝ၁၄ ခုနှစ်ထဲမှာ အညံ့တွေ၊ အဆင်မပြေမှုတွေရှိခဲ့တာ
ကြောင့် ၂ဝ၁၅ ခုနှစ် ထဲမှာတော့ ၂ဝ၁၄ လိုမဖြစ်ရအောင်ပြင်ဆင်ပြီး ရိုးရိုးသားသား ကြိုးစားနေထိုင်သွား မှာဖြစ်ကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ Collection ပစ္စည်း သစ်ဖြစ်တဲ့ ရင်ထိုးနဲ့ ပုဝါဒီဇိုင်းအသစ် များကို ဇန်နဝါရီလထဲမှာ ထုတ်လုပ်သွားဖို့ရှိကြောင်းလည်း သိရပါတယ်။

ပေါ်ပြူလာ

မှတ်ချက်များ