ကလေးနှစ်ယောက်မိခင် အန်ဂျယ် လာစတော့ဟာ အိမ်နီးချင်းမိတ် ဆွေတစ်ဦးကို သွေးအေးအေးနဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့လို့ တရားရုံးက ထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
အသက် ၁၈နှစ်အရွယ်ရှိ သား တစ်ဦးနဲ့ အသက် ၁၆နှစ်အရွယ် သမီးတစ် ဦးတို့ရဲ့ မိခင်ဖြစ်သူ အန်ဂျယ် လာက တရား ရုံးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ်နဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့
လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့ပါဘူး။
သက်ဆိုင်ရာတာဝန်ရှိသူ တွေ၏ စစ်ဆေးချက်အရ အန်ဂျယ်လာရဲ့ ကားထဲမှာ လူသတ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ကိရိယာတွေကို တွေ့ရှိခဲ့တဲ့အတွက် ကြိုတင် ကြံစည်ပြီးမှ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်တယ် လို့ ယူဆခဲ့ ကြပါတယ်။
အန်ဂျယ်လာ သတ်ဖြတ်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၆နှစ်အရွယ်ရှိ ဂျိမ်းရှက်ဖာဆိုသူဖြစ်ပြီး အန်ဂျလာ တို့နေ အိမ်ရဲ့ တစ်လမ်းကျော်မှာ နေထိုင်တယ်လို့ သိရပါတယ်။ အန်ဂျယ်လာရဲ့ ထွက်ဆိုချက် တွေအရ ဂျိမ်းဟာ အတူဖွင့်ထားတဲ့ဘဏ် အကောင့်က ပိုက်ဆံတွေကို ခိုးယူခဲ့ရုံသာ မက အန်ဂျယ်လာတို့မိသားစု ကိုလည်း သတ် ပစ်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ဂျိမ်းဟာ အန်ဂျယ်လာနဲ့အတူဖွင့် ထားတဲ့ ဘဏ်အကောင့်ထဲကငွေအမြောက် အမြားကို ထုတ်ယူခဲ့ပြီး အန်ဂျယ်လာအပေါ် အြေ<ွကးတွေတင်ရှိမှု များပြားလာခဲ့တာ ကြောင့် အခုလိုသတ်ဖြတ်ပစ်ဖို့ ခြိမ်းခြောက်
ခြင်းဖြစ်တယ်လို့ အန်ဂျယ်လာက ဆိုပါ တယ်။
၂ဝ၁၃ခုနှစ် ဧပြီ ၃ရက်မှာတော့ အန်ဂျယ်လာနဲ့ ဂျိမ်းတို့ရဲ့ ငွေရေးကြေးရေး ပြဿနာဟာ လူသတ်မှုဖြစ်ပွားစေ ခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ တစ်နေ့မှာ ကလေးတွေ ပါ လိုက်ပါလာတဲ့ကားနဲ့ အန်ဂျယ်လာဟာ ဂျိမ်းအလုပ် လုပ်တဲ့နေရာကို လိုက်သွားခဲ့ ပြီး ဂျိမ်းကို နေအိမ်ခေါ်လာခဲ့ပါတယ်။ နေ အိမ်မှာ ဂျိမ်းကို အိပ်ဆေးခတ်ထား တဲ့အရက် တိုက်ခဲ့ပြီးနောက်မှာတော့ အန်ဂျယ်လာက ဂျိမ်းကို ကားပေါ်ပြန်တင်ခဲ့ပါတယ်။ ကား ပေါ်မှာ ကလေးတွေပါခေါ်လာခဲ့တဲ့ အန် ဂျယ်လာဟာ သားနဲ့သမီးကို သူမမိဘများ ရဲ့နေအိမ်မှာ ချန်ထားခဲ့ပြီး
နောက်မှာတော့ ကားကို လူရှင်းရာနေရာကို မောင်းထွက် ခဲ့ပါတယ်။ လူပြတ်တဲ့နေရာအရောက်မှာ တော့ အန်ဂျယ်လာဟာ ကားပေါ်မှာ အိပ် ပျော်နေတဲ့ ဂျိမ်းရဲ့ညာဘက်မျက်လုံးကို ကား နောက်ခန်းထဲမှာအသင့်ယူ
ဆောင်လာတဲ့ ရေခဲစူးနဲ့ ထိုးဖောက်ပစ်ခဲ့ပါတယ်။
နောက် မှာတော့ ဂျိမ်းကို အသင့်ယူဆောင်လာတဲ့ ကြိုးတွေနဲ့ တုပ်ချည်ခဲ့သလို လည်ပင်းကို လည်းတိပ်ပြား
တွေနဲ့ အကြိမ်ကြိမ်ရစ်ပတ် ချည်ကပ်ထားခဲ့ပါတယ်။ အန်ဂျယ်လာဟာ မလှုပ်နိုင်တော့တဲ့ ဂျိမ်းရဲ့ ဘယ်ဘက် မျက် လုံးကိုပါ စူးချွန်နဲ့ ထပ်မံထိုးဖောက်ပစ်လိုက် ပြီး ခေါင်းတစ်ခေါင်းလုံးကိုပါ တိတ်ပြားနဲ့ ရစ်ပတ်ခဲ့ပြန်ပါ တယ်။
နောက်မှာတော့ အန်ဂျယ်လာ ဟာ ဂျိမ်းကို နေအိမ်ကားဂိုဒေါင်ထဲကိုခေါ် ဆောင်သွားခဲ့ပြီး လက်ကိုင်ဘ လိတ်ဓား၊ လွှ သွားတွေနဲ့ သတ်ဖြတ် အလောင်းဖျက်ခဲ့ပါ တယ်။ အလောင်းဖျောက်လိုက်တဲ့ အန်ဂျယ် လာ ဟာ ဂျိမ်းရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တချို့ကို ဟင်းချက်ဖို့ကြံစည်ပြီး ကျန်ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေ ကိုတော့ သမင်တစ် ကောင်ရဲ့ အစိတ်အပိုင်းဆိုပြီး ကလေးတွေ ကို လိမ်ညာထားခဲ့ပါတယ်။
အန်ဂျယ်လာက ပလတ်စတစ် အိတ်ထဲထည့်ထားတဲ့ ဂျိမ်းရဲ့ကိုယ်ခန္ဓာအစိတ် အပိုင်းတွေဟာ သမင်တစ်
ကောင်ရဲ့အစိတ် အပိုင်းတွေဖြစ်ပြီး လမ်းမှာ ကားနဲ့တိုက်မိခဲ့ ခြင်းဖြစ်တယ်လို့ သားဖြစ်သူကို လိမ်လည်
ပြောဆိုခဲ့ပါတယ်။ ဂျိမ်းရဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတချို့ကို ဟင်းချက်တဲ့အခါမှာ အလွန် ဆိုးရွားတဲ့ အနံ့ထွက်လာတဲ့အတွက် ပတ် ဝန်းကျင်က ရိပ်မိသွားမှာကို စိုးရိမ်တဲ့ အန် ဂျယ်လာဟာ ဂျိမ်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ဟင်းမချက်တော့ဘဲ အိုးထဲထည့် ပြုတ်ပစ်ဖို့ အစီအစဉ်ပြောင်းခဲ့ပါတယ်။အဖမ်းခံခဲ့ ရပြီးနောက်မှာတော့ အန်ဂျယ်လာက သူမဘဝတစ်လျှောက် ရရှိ ခဲ့ဖူးတဲ့ အနံ့တွေထဲမှာ လူသားကိုဟင်းချက် ရတဲ့အနံ့က အဆိုးရွားဆုံးဖြစ်တယ်လို့ ရဲ တွေကို ပြောပြပါတယ်။
တာဝန်ရှိသူတွေဟာ အမှုမှန် မပေါ်ခင် ဂျိမ်းခန္ဓာကိုယ်အရိုးပေါင်း ၂ဝ၆ ရိုးက အရိုး ၅၆ရိုးကိုပဲ ရှာဖွေတွေ့ ရှိခဲ့ကြပါ တယ်။ မှုခင်းဆေးစစ်အဖွဲ့ရဲ့ ပြောကြားချက် အရ နောက်ပိုင်းမှာ အိုးထဲကနေ ဂျိမ်းရဲ့ပေါင်ရိုး၊ ဒူးဆစ်ရိုးနဲ့ အသားစတချို့ကို စစ် ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အန်ဂျယ်လာဟာ ဂျိမ်းကိုသတ်ပြီး သီတင်းသုံးပတ်အကြာမှာ မိသားစုကို ဂျိမ်းကိုသတ်ခဲ့တဲ့အကြောင်း ဝန်ခံခဲ့ပြီး အဖမ်း ခံခဲ့ခြင်းဖြစ်ပါ တယ်။ သေဆုံးသွားတဲ့ ဂျိမ်း ဟာ အန်ဂျယ်လာတို့အိမ်ရဲ့ တစ်လမ်းကျော် မှာ ချစ်သူနဲ့အတူနေထိုင် လျက်ရှိခဲ့ပြီး ကလေး လေးယောက်လည်းရှိတယ်လို့ သိရပါတယ်။
ရဲအရာရှိတွေက အန်ဂျယ်လာ ဟာ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အန်ဂျယ်လာက တရားရုံးမှာ ဂျိမ်းကို သူမစိတ်ရှိသလို လုပ် ခဲ့မိတဲ့အတွက် စိတ်မကောင်းပါဘူးလို့ပဲ ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။ သွေးအေး အေးနဲ့ ရက်စက်လှတဲ့ ကလေးနှစ်ယောက် မိခင် အန်ဂျယ် လာစတော့(၄၂နှစ်)ဟာ သူမ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ထောင် ဒဏ်တစ်သက်တစ်ကျွန်းကျခံဖို့ အကျဉ်း ထောင်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။
Yangon Media Group

မှတ်ချက်များ