![]() |
| သေနတ်သမားတွေ ခိုအောင်းနေတဲ့ အဆောက်အုံကို Google Street View ကနေမြင်ရစဉ် |
နိုင်ငံ မြောက်ပိုင်းက Dammartin-en-Goele မြို့မှာ ရဲတွေ ဝိုင်းမိ ထားချိန်မှာပဲ ပဲရစ်မြို့ပေါ်က ဂျူး ဈေးဝယ် စင်တာ တစ်ခုကို နောက်ထပ် သေနတ်သမား တစ်ယောက်က ဝင်စီးပြီး ဓားစာခံတွေကို ဖမ်းဆီး ထားပါ တယ်။
ပဲရစ်မြို့ အရှေ့ပိုင်းက အဲဒီ ဈေးဝယ် စင်တာ ရှိရာ ဧရိယာကို ပြင်သစ် လက်နက်ကိုင် ရဲတွေက ဝင်ရောက် ပိတ်ဆို့ ထားလိုက်ပါတယ်။
မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ယောက်ဟာလည်း ပဲရစ်မြို့ အရှေ့မြောက်ပိုင်း ၃၅ ကီလိုမီတာ ဝေးတဲ့ ဒါမာတန် မြို့မှာ ဓားစာခံ တစ်ယောက်ကို ဖမ်းဆီး ထားပါတယ်။
အဲဒီ သေနတ်သမား နှစ်ယောက်ဟာ ပုံနှိပ်လုပ်ငန်း အဆောက်အအုံ တစ်ခုမှာ ဓားစာခံနဲ့အတူ ပိတ်မိနေ တာ ဖြစ်ပြီး သူတို့ အနေနဲ့ အသေခံဖို့ အသင့်ရှိတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။
ဒီသတင်းနဲ့ ပက်သက်ပြီး တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်။
BBC
ြ

မှတ်ချက်များ