မွေးစားသမီးနှစ်ယောက်ထဲက တစ်ယောက်ကိုသာ အသည်းလှူဒါန်း ကုသပေးနိုင်မယ့် ဖခင်


Michael Wagner ဆိုသူရဲ့ ၃ နှစ်အရွယ် သမီးနှစ်ယောက်ဖြစ်တဲ့ Binh နဲ့ Phuoc တို့နှစ်ယောက်လုံးဟာ Allagille Syndrome လို့ခေါ်တဲ့ အသည်းလုပ်ငန်းဆောင်ရွက်မှု ထိခိုက်ပျက်စီးစေတဲ့ ရောဂါကို ရင်ဆိုင် ခံစားနေကြရပါတယ်။ ဒီ့အတွက် နှစ်ယောက်စလုံးမှာ အသည်းအစားထိုး ကုသဖို့ လိုအပ်လို့လာခဲ့ပြီဖြစ်ပါ တယ်။

၁၈ လသားအရွယ်ကတည်းက Michael နဲ့ ဇနီးဖြစ်သူ Johanne မှ မွေးစားထားတဲ့ ဒီညီအစ်မနှစ်ယောက် အတွက် တစ်ခုတည်းသော အံကိုက်ဖြစ်နေသူက Michael ကိုယ်တိုင်ပင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖခင်အနေ နဲ့ ကလေးမ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကိုပဲ အသည်းပေးလှူလို့ ရမှာဖြစ်ပါတယ်။

မိသားစုအနေနဲ့တော့ ဘယ်သူ့ကို အစားကုသပေးရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတာကြောင့် အိမ်နီးနားရှိ Toronto General Hospital မှ ဆရာဝန်တွေကို အသင့်တော်ဆုံးဖြစ်မယ့်သူကို ရွေးချယ်စေမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသူမှုကိုတော့ နောက်နှစ်ပတ်အတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီအတောအတွင်း နောက်ထပ် ကလေး ခုနစ်ယောက်ရှိတဲ့ Michael နဲ့ Johanne တို့က နောက်ထပ် အလှူရှင်တစ်ဦး ဆက်လက် ရှာဖွေ သွားဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Trend Myanmar

မှတ်ချက်များ